ပရော်ဖက်ဆာ လူစီးရပ်စ် ၏ စာသင်ချိန်အပြီး အဆောင်သို့ ပြန်လာရာ လမ်းတွင် Draco မေးလိုက်ခြင်း ဖြစ်သည်..။

"အခုနောက်ပိုင်းတော့ မကြားရတော့ဘူး!Hermioneက ငါ့အတွက်ဆိုပြီး ကာကွယ်ရေး အဆောင်တစ်ခုလုပ်ပေးတယ်လေ!"

ဟယ်ရီက Draco ရဲ့မေးခွန်းကို ဖြေရင်း သူ့၏ လက်က လက်ပတ်လေးကို Draco ကို ပြလိုက်သည်... ။

"ဒါနဲ့ ငါ...မင်းကို မေးစရာရှိလို့ !!"

Draco ၏ မဝံ့မရဲစကားကြောင့် ဟယ်ရီလည်း လမ်းလျှောက်နေသည့် ခြေလှမ်းများကို ရပ်ကာ အရှေ့က ဆံဖြူကောင်လေး၏ မျက်နှာကို စေ့စေ့ကြည့်လိုက်သည်.. ။

"ပြောစရာရှိတာပြောလေ..ငါနားထောင်ပေးမယ်!"

"ဟို......မင်း ငါနဲ့ Date မလား?"

Draco ရဲ့ မဝံ့မရဲမေးခွန်းကြောင့် ဟယ်ရီ့ ပါးလေးတွေ နီရဲလာသည်...။

"ဟယ်ရီ..ပြန်ဖြေဦးလေ....!"

ဘာမှ ပြန်မဖြေဘဲ ပြေးထွက်သွားတဲ့ အကောင်ပေါက်စကြောင့် ဒရေကို လိုက်မေးရပြန်သည်...။

"ဟယ်ရီ...မပြေးနဲ့တော့!ငါမောလာပြီ!!"

ဟယ်ရီနဲ့ Draco တို့ စိန်ပြေးလိုက်တမ်း ကစားနေသည်မှာ ကျောင်းထဲကနေ ကွစ်ဒစ်ကွင်းဆီသို့ ရောက်လာလေပြီ...။

အပြေးသန်လွန်းတဲ့ ပေါက်စကို Draco ဆက်မလိုက်နိုင်တော့..။

"အေး!!"

ဟယ်ရီတစ်ယောက် အနောက်မှာ ကျန်နေခဲ့သော draco ကို ကြည့်ကာ အော်ပြောလိုက်သည်.. ။
အဝေးကြီးကနေ လှမ်းအော်တာကြောင့် ရှင်းရှင်းလင်းလင်း မကြားရ..။

"ဘာပြောတာလဲဟ!"

Draco ကလည်း မောမောနဲ့ ပြန်အော်ရပြန်သည်..။

"မင်းနဲ့ Date မယ်လို့!!"

ထိုစကားကိုတော့ Draco ၏ နားထဲမှာသာ မက နှလုံးသားထဲမှာပါ စွဲကျန်နေခဲ့လေပြီ..။

To be continue...
____________________>>

ဟယ်လို!နောက်ကျသွားတာ တောင်းပန်ပါတယ်!!
နောက်လည်း ထပ်နောက်ကျသွားမှာပါ..။

ကျေးဇူး....😁😁

#Unicode

ဘာလိုလိုနဲ့ လူစီးရပ်စ် တစ်ယောက် ကျောင်းကိုရောက်တာတောင် တစ်လကျော်နေပြီဖြစ်သည်..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now