ဆေးဗားရပ်စ် ကို ကြည့်မိတော့ ထုံးစံအတိုင်း ကျောက်ရုပ်မျက်နှာ...။

"အေး!!"

"ဟင်...!"

မမျှော်လင့်ထားတဲ့အဖြေကြောင့် 'ဟင်'ဆိုသော အာမေဋိတ်သံက ရုတ်တရက် ထွက်လာသည်..။

ကဲ!real Lucius ရေ..!ပျော်ပေတော့..!*

အဲလစ်စ်မှာတော့ ထွက်သွားတဲ့ ဆေးဗားရပ်စ် ၏ ကျောပြင်ကို ကြည့်ပြီး သက်ပျင်းတစ်ချက်ချကာ ကိုယ်ထဲ၌ ပုန်းကွယ်နေသော လူစီးရပ်စ် ကို စိတ်ထဲကနေ ပြောလိုက်မိသည်...။

________________________

"အောင်မလေး!ဘုရားမလို့..!!"

ဆေးဗားရပ်စ် တစ်ယောက် သူ့ရုံးခန်းထဲသို့ ရင်ဘတ်ကို ဖိကာ ပြေးဝင်လာခဲ့သည်...။

"မခုန်စမ်းနဲ့!အကောင်ပေါက်!!"

လက်ဖြင့် ဖိထားသော ရင်ဘတ်ဘယ်ဘက်ခြမ်းကို ကြည့်ကာပြောလိုက်ခြင်း ဖြစ်သည်...။

ထိုသို့ ပြောရလောက်အောင်ပင် ဟော့ဝပ်ကျောင်းက ကျောက်ရုပ်မျက်နှာ ပရော်ဖက်ဆာကြီးကို ရင်ခုန်အောင် လုပ်နိုင်တဲ့သူ ရှိနေခဲ့ပြီလေ...။

ကျောင်းအုပ်ကြီး ဒမ်ဘယ်ဒေါ က ညနေကျရင် ကျင်းပမယ့်  ဆရာအစည်းအဝေးပွဲအတွက် လူစီးရပ်စ် ကိုပါ ခေါ်ဖို့ပြောလာသည့် အတွက် ရုံးခန်းသို့ သွားခေါ်ခဲ့သည်...။

အရင်ကတည်းက ထိုစတိုင်ကျကျ ဆံဖြူအဖိုးကြီးကို တွေ့လိုက်တိုင်း ရင်ဘတ်ထဲက အကောင်က ခုန်ပေါက်နေသောကြောင့် သူ့ရှေ့တွင် ကျောက်ရုပ်မျက်နှာ ဖြစ်အောင် မနည်း ဟန်ဆောင်ထားခဲ့ရသည်... ။

ဟန်ဆောင်မစ်ရှင်အောင်မြင်ခါနီးလေးမှာပဲ မမျှော်လင့်တဲ့ မေးခွန်းတစ်ခုကို ကြားလိုက်ရတော့ အဲ့နေရာမှာပဲ အသက်ရှုတွေမှားပြီး သေတော့မလိုလို...။

ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့အလိုလို ထွက်သွားသော 'အေး'ဆိုသော အဖြေကြောင့် ဆက်ပြီးဟန်မဆောင်နိုင်တော့ဘဲ ရုံးခန်းသို့ အမြန်ပြေးလာခဲ့သည်...။

ဟူး.....မောလိုက်တာ!!

__________________

"ကွစ်ဒစ်ပြိုင်ပွဲတောင် နီးလာပြီပဲ!ဟယ်ရီ...မင်းရော အသံဆိုးတွေ ထပ်ကြားရသေးလား?"

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now