အခန်း(၁၄)

Start from the beginning
                                    

ဤစကားများမှာနားမလည်နိုင်စရာစကား
မျိုးဖြစ်ခဲ့သည်။ဆန်းဟူသောတပည့်လည်း
လုံးဝအံ့သြသွားပြီး

"မင်းကဘာလို့ငါ့ကိုအထင်ကြီးရမှာလဲ?"

ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာလူတစ်
ယောက်လောက်ကပဲအရှေ့ဘက်ရပ်နေပေး
ခဲ့ရင်တောင်ကျန်းရီသေချာပေါက်မှတ်မိနေလိမ့်မယ်။

ကျန်းရီနှုတ်ခမ်းကိုသာဖိကိုက်​ပြီးတစ်ဖက်
လူကိုဘာမှပြန်မဖြေတော့ပေ။

မတ်တပ်ရပ်ကာပြတင်းပေါက်ဘက်သို့လမ်း
လျှောက်လိုက်ပြီးတိမ်များဖုံးလွှမ်းနေသော
အတွင်းဆောင်၏ကြီးမားသောခန်းမကျယ်
ကြီးရှိရာဦးတည်ချက်ကိုသာတည့်တည့်မတ်မတ်ငေးကြည့်လိုက်၏။

ထိုအချိန်၌ဂိုဏ်းချုပ်ကျီဇီအန်းကခန်းမထဲ
တွင်အနားယူလျက်ရှိသည်။ကျန်းရှောင်ချင်း
ကဝမ်ရွှမ့်ကိုတံခါးဝအထိဦးဆောင်ခေါ်လာ
ခဲ့ပြီးသူမ၏လက်ကိုဝေ့ယမ်းကာအတွင်းသို့
သတင်းပို့ခိုင်းလိုက်၏။ထို့နောက်သူတို့နှစ်
ဦးရှေ့ရှိခန်းမတံခါးလည်းပွင့်လာခဲ့လေ
သည်။

ဝမ်ရွှမ်အထဲသို့ကိုယ်တိုင်ဝင်သွားပြီးနေရာရွှေ့ပြောင်းမန္တန်စည်းနှင့်စပ်လျဥ်းသောကိစ္စ
အရပ်ရပ်ကိုစေ့စေ့စပ်စပ်အစီရင်ခံခဲ့သည်။

"အဲ့တာကတကယ်အမှန်ပဲလား?"

ကောင်းကင်ဘုံ၏ဘေးဒုက္ခကိုကျော်ဖြတ်ရ
မည့်ရှေးခေတ်ကျင့်ကြံသူတစ်ဦးချန်ထားခဲ့
သောပစ္စည်းများဖြစ်ကြောင်းကျီဇီအန်းသ
ဘောပေါက်ခဲ့ပြီးဖြစ်ရာလေသံသည်ပင်
အလျင်စလိုဖြစ်လာခဲ့သည်။

ဝမ်ရွှမ်ခေါင်းညိတ်ပြပြီးလေးစားသမှုဖြင့်ပြန်ဖြေလိုက်၏။

"အမှန်တော့တပည့်လည်းဒီထပ်ပိုပြီးလေ့လာ
ချင်ပေမယ့်မြောက်ပိုင်း'ဖန်လိုင်'ဂိုဏ်းကကျင့်
ကြံသူချင်နဲ့ကျင့်ကြံသူရွှယ်တို့ကိုမမျှော်လင့်
ပဲတွေ့လိုက်ရတယ် မြောက်ပိုင်း'ဖန်လိုင်'ဂိုဏ်း
ကတစ်လှမ်းသာသွားမှာကိုတော့စိုးရိမ်မိပါ
တယ် အဲ့တာကြောင့်ဂိုဏ်းကိုတပည့်အရင်ပြန်လာပြီးတင်ပြရတာပါ"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now