"မဟုတ်ပါဘူး....ငယ် bookingလုပ်
ထားတဲ့Jejuကိုသွားမယ်လေယာဉ်လက်မှတ်
ယူပေးရင်း မနက်စာပါငယ်နဲ့အတူစားဖို့ဝယ်လာတယ်
စိတ်မကောက်နဲ့"

သူပြန်ဖြေလိုက်မှာစိတ်ပြေသလိုရှိလာတဲ့ငယ့်
ကိုကြည့်ကာခေါင်းခါလိုက်သည်။ သိတာပေါ့
ဒီကောင်လေးစိတ်ကောက်နေမယ်ဆိုတာ
မနက်က တစ်ဂွမ်ဂွမ်မြည်နေတဲ့ဖုန်းသံကြောင့်
‌ကိုင်လိုက်တော့ ညနေ4နာရီJejuကိုသွားမယ့်
လေယာဉ်လက်မှတ်ကိုလာယူလို့ရပါပြီတဲ့
ငယ့်နာမည်နဲ့ဟာကို‌သွားယူရင်းသူပါတစ်ခါတည်း
ဝယ်ခဲ့တယ် ပြန်လာရင်မသိမသာစိတ်ကောင်နေမယ့်
ဟာလေးကိုချော့‌ဖို့လည်းမနက်စာပါဝယ်ခဲ့သည်။

ငယ်နဲ့နေတဲ့တစ်လျှောက် ငယ်ကသူ့အပေါ်
စိတ်ဆိုးပြီး အော်ဟစ်သောင်းကျန်းတာမျိုးမလုပ်
ပေမယ့်သူအလိုမကျတာရှိရင်တော့ မသိမသာလေး
စိတ်ကောက်တတ်သေးသည်။ ဘုကန့်လန့်လေး
ပြောပြီး မကြည့်ကြည်လေးကြည့်၍ ထင်ရာတွေ
ပြောရင်သေချာတယ်ငယ်စိတ်ကောင်နေပြီ

"လာလေ...လေယာဉ်ချိန်ကနှစ်နှာရီတဲ့
မနက်စာစားပြီး အထုတ်တွေပြင်ကြရမယ်မလား"

"ဟုတ်သားဘဲ...ညက- "

ဆက်ပြောမယ့်စကားတွေရပ်တန့်ကာ ကင်မ့်
ကိုကြည့်လိုက်မိသည်။ ကင်မ့်ကလည်းမေးလေး
ငေါ့ပြရင်း ဆက်ပြောဆိုတဲ့ပုံစံနဲ့ အိပ်ယာကို
သပ်ရပ်အောင်ပြန်လုပ်ရင်း ကြည့်လာသည်။

"ညက ဘာဖြစ်လို့လဲ ငယ်"

"ဘာမှမဟုတ်ဘူး! မနက်စာစားဖို့
ငယ်ဆင်းနှင့်တော့မယ်"

ကိုယ့်ဘာသာအစဖော်မိပြီးရှက်ရှက်နဲ့ဆင်း
လာမိသည်။ အောက်ရောက်တော့အိမ်တော်
ထိန်းဦးလေးကြီးနဲ့ပါထပ်ဆုံးတော့ပိုဆိုးသွားသည်။
ညကဖြစ်မယ့်အခြေနေကိုဦးလေးကြီးမြင်သွားတယ်
မလား သူဘယ်လိုတွေများထင်နေမလဲ။ပြုံးစိစိ
နဲ့ဦးလေးကြီးကြောင်ပိုရှက်နေရပြီ။

ရှက်ကာမလုံမလဲနဲ့ဆင်းသွားတဲ့ငယ့်နောက်
ကခပ်ပြုံးပြုံးနဲ့လိုက်လာမိသည်။ သူ့ရဲ့သတ္တိခဲ
omegaလေးကအခုလိုကြတော့ရှက်လိုက်တာ
သူ့အပြင်မရှိ။ သူကသာမသိသလိုနေပြနေတာ
ငယ်ရှက်နေမှာဆိုးလို့။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now