Chapter Nineteen: : Happy Valentine's Day

Start from the beginning
                                    

“အင်း....ချယ်က ပြင်ဦးလွင်တက်ချင်တယ်ပြောနေတာ”

“မင်းတို့ကလည်း လည်စရာနေရာတွေ ဒီလောက်ပေါနေတာကို ၊ ဘယ့်နှယ့် မေမြို့ကို ပြန်တက်မှာလဲ”

“ဆရာမလေး သဘောပဲဟာ....မေမြို့လည်းမဆိုးပါဖူးလေ ၊ အေးအေးချမ်းချမ်း လည်ရတာပေါ့...”

“အင်း”

“အောင်ဦး....မင်းညနေအားတယ်မလား ၊ ငါမြို့ထဲဖက်သွားပြီး အင်္ကျီရယ်...... ချောကလက်ရယ် သွားဝယ်မလို့ လိုက်ခဲ့ပေးပါဦး”

“လိုက်ရမှာပေါ့ကွာ....ငါလည်း တစ်ယောက်ထည်းအဆောင်မှာပျင်းနေရမှာနဲ့ အတော်ပဲ”

“အေး...”

 
ထိုသို့ဖြင့် ညနေကျောင်းဆင်းသောအခါတွင် စဥ့်ကိုင်မြို့ထဲရှိ ပစ္စည်းစုံသော စတိုးဆိုင်ကြီး တစ်ခုသို့ စျေးဝယ်ထွက်ကြသည် ၊ သန့်ဇင်က ပုံစံမလှသော်လည်း အရသာကောင်းပုံ ပေါက်သည့် ဆွစ်ဇာလန်ထုတ် ချောကလက်တစ်တောင့်ကို ဝယ်လိုက်သည်။

 
Couple Shirts ဝယ်သည့် အခါတွင်မူ အောင်အောင်ဦး​က ဖက်ရှင်အမြင်ရှိ၍ မျက်ချယ်ရော သန့်ဇင်ပါ နှစ်ယောက်လုံးနှင့် လိုက်လောက်မည့် ဒီဇိုင်းနှင့် အရောင်ကို ရွေးဝယ်ကြသည်။

အဝတ်အစားနှင့် ပတ်သတ်လျင် ဂျီအီးဂျာအီးများသော အောင်အောင်ဦးသည် ကာယကံရှင် သန့်ဇင်ကိုထက် ဇီဇာပိုကြောင်နေပြီး နောက်ဆုံးတွင် အပြာနုရောင် တီရှပ်လေးကို တွေ့ကာမှ ဇာတ်လမ်းပြီးသွားတော့သည်။
 

သောကြာနေ့ညသို့ ရောက်သောအခါတွင် သန့်ဇင်သည် သူ၏ဖုန်းဆက်ရမည့် တာဝန်အရ မျက်ချယ်ဆီ ဖုန်းခေါ်ပြောသည်။

 
“ဟယ်လို....ချယ်”

“ကို....ခဏနော် ၊ ချယ်နားကြပ်ရှာလိုက်ဦးမယ်”

“အင်း....အင်း”

“..............”

“ရပြီကို့.....ဟဲဟဲ ၊ မနက်ဖြန် ကိုနဲ့လျောက်လည်ရင် ဘာဝတ်ရမလဲလို့ အင်္ကျီတွေလျောက်ဖွပြီး ကုတင်ပေါ်ပုံနေလို့ နားကြပ်ကတော်တော်နဲ့ရှာမတွေ့ဖူး”

“အော်....ကိုနဲ့ဆင်တူအင်္ကျီဝတ်မယ်ဆို”

“အင်းလေ....အပြာနုရောင်လေးဆိုတော့ အောက်ကဘာဘောင်းဘီနဲ့လိုက်မလဲလို့ ရှာနေတာ ၊ ဆိုင်ကယ်စီးရင် လေတိုက်မှာဆိုတော့ အပေါ်ထပ်အပါးလေးလည်းလိုတယ်လေ”

When we were young Where stories live. Discover now