ထူးဆန်းသောယဉ်တိုက်မှုနဲ့🍅 systemကအသားယူခံလိုက်ရတယ်🍎

Start from the beginning
                                        

system ကထပ်ပြောတယ် "host ကသင်ယူပြီးပြီ
ဖြစ်တဲ့ အတွက် host ရဲ့နေ့စဉ်ဘဝမှာ ကျွန်တော်
ကူညီလို့မရဘူး စာချုပ်မှာပါတဲ့အတိုင်း ဒီ system ကပြဿနာကြီးကြီးမှားတေနဲ့ အန္တာရယ်တေကို သတိပေးမှာပါ hostက
တစ်စုံတစ်ခုမေးချင်ရင် စိတ်ထဲက ချီရိလို့ ခေါ်လိုက်ရုံဘဲ "

(A/N-မှတ်မိကြသေးရဲ့လား system လေးရဲ့နာမည်က ချီရိပါနော် သူ့host ကတော့ 11
လို့ဘဲခေါ်တာကို)

"ကောင်းပြီ သွားရအောင်"
system ကတိုးတက်နေတဲ့ကမ္ဘာတစ်ခုရဲ့ မြင့်မားတဲ့ သွင်ပြင်နဲ့ ​ဆောက်ထားတဲ့ အဆင့်မြင့် အ​ဆောက်အအုံတေ ကိုရေးဆွဲထားတဲ့ ပန်းချီကား ကိုညွန်ပြနေတယ် "ကြွပါ host"

ရှောင်ဟွာ ရုတ်တရက် ထိန့်လန့်ပြီးအေးစက်သွားတယ် သူ့ လက်သီး ကိုတင်းတင်းဆုပ်ရင်း အံ့ကြိတ်ပြီး လမ်းလျောက်ဝင်သွားခဲ့တယ် သူဘာမှတောင်မပြောနိုင်ခဲ့ဘူး

*​အေးစက်နေတဲ့အလှလေး host ကဘယ်တော့မှအပို မပြောဘူး*

system ကသက်ပျင်းချပြီးတွေးနေလိုက်တယ်
*ငါကိုနှုတ်တောင်မဆက်သွားဘူးဘဲ *ဟူး သူလေတေမှုတ်ထုတ်လိုက်ပြီး

system ကကျိန်ဆိုလိုက်တယ် "သူ့ရဲ့ ဒီhostကို အရည်ဖျော်နိုင်မယ့်လူကို သူအပြည့်အဝ support တယ် " သူhost ကဒီလောက်ခန့်ငြားတာ ဘယ်သူမှမကြိုက်ဘူးဆိုတာ မယုံဘူး....

(အကြံကြီးတဲ့ system 11ပါ)

အခြားတဖက်၌... ရှောင်ဟွာ တွေးနေခဲ့တယ် သူနေခဲ့တဲ့ ကမ္ဘာကလည်း ပန်းချီကား တစ်ချပ်လားဆိုတာ သူ့ကို ဘယ်သူက တည့်ခဲ့ပြီး
သူ့မှတ်ဥာဏ်တေပါ ဖျောက်ပြစ်ခဲ့တာလား ချောက်နက်ကြီးတစ်ခုလိုဘဲသူ့မျက်လုံးတေက နက်မှောင်သွားတယ် သူ့ကို ခေါ်နေခဲ့တဲ့သူက ကောဘယ်သူလဲ သူ့အဖေများလား သူကငါ့ကိုအရမ်းလွမ်းနေလောက်တယ် ဆိုတာငါ
သူ့အသံတေက ခံစားလို့ရတယ် ငါက ပန်းချီကား ထဲရောက်နေလို့သူ မသိတာလား "ငါ့ကိုပိတ်လှောင်ထားတာဘယ်သူဖြစ်ဖြစ် ငါသတ်ပစ်မယ် လို့ကျိန်ဆိုတယ် တောက် သတ်ပစ်မယ်" system ကကောတကယ်မသိတာလား လိမ်နေတာလားဆိုတာကို သူစုံစမ်းရမယ်

ရုတ်တရက် 11ရဲ့အော်သံကိုကြားလိုက်တယ်
"host သတိထား ကား..."

တကယ်တော့သူစတွေးနေကတည်းက ဒီကမ္ဘာကိုရောက်နေခဲ့ပြီ

Searching for ...... *System*(Own Creation)Where stories live. Discover now