အပိုင်း - ၃၅

Start from the beginning
                                    

သူပြောလိုက်ပြီး မနေနိုင်စွာ တစ်လှမ်းတိုးကာ လင်ရှန်းလက်မောင်းကို တွန်းလားထိုးလားလုပ်ပြီး ဗီလာထဲ ဆွဲခေါ်တော့တယ်။

"ဒါပေမယ့် ဒီနေ့က ငါ့မိသားစု..."

"ဒါဆိုလည်း ခဏလေးပဲလေ! ငါ ကတိပေးတယ်!" တောက်ရန် ပြောလိုက်တယ်။

သူ လင်ရှန်းနားမှာရှိနေတဲ့ တောက်ရန်ကို မျက်စလှမ်းပစ်ပြီး "ရှုချန်း မင်း ဘယ်လိုထင်လဲ?"

"ငါလည်း သဘောတူတယ်၊ ဒီနေရာမှာ အတန်းဖော်တွေဆုံဖို့ဆိုတာ ရှားတယ်လေ... ခဏလောက် ပျော်ပြီးမှ ပြန်သွားပေါ့" ရှုချန်းကလည်း ပြောလာတယ်။

မွေးနေ့ရှင်ကြီးကတောင် ပါးစပ်ဟလာကာ လင်ရှန်းကို သဘောတူဖို့ ဖိအားပေးတော့တယ်။

အစောပိုင်းတည်းက ရှုချန်းရဲ့ညီမငယ်၊ စုတျန်းတျန်းနဲ့ တတိယလူတို့က ပြန်ရောက်နေကြပြီဖြစ်တယ်။ လင်ရှန်းလည်း မော့ကျူးချန်နဲ့ တခြားသူတွေနောက်ကနေ တတိယထပ်အထိ လိုက်ခဲ့လိုက်တယ်။ ထိုနေရာမှာ ဂိမ်းခန်းတစ်ခန်းရှိပြီး လူအများဆော့ရတဲ့ဂိမ်းတွေအပြင် တစ်ဦးချင်းသီးသန့်ဆော့ရတဲ့ ဂိမ်းစက်တွေလည်းရှိတယ်။

တောက်ရန်က လူအနည်းစုကို စားပွဲနားမှာ ထိုင်ဖို့ဆွဲခေါ်လာပြီး ကဒ်ဘူးကို တစ်ခါတည်းထုတ်လာတယ် "ငါတို့တွေ truth or dare ဆော့ကြမယ်!" [ T/N : ဖဲထုပ်ကိုပြောတာပါ ]

လင်ရှန်း "..."

ခြုံကြည့်ရင် တစ်ခုခုတော့ မှားနေသလို ခံစားချက်ကြီးရနေတယ်။ ပြီးတော့ လူလေးယောက်နဲ့ truth or dareကို ဆော့ကြမယ်ဆိုတော့ ဘယ်လိုဆော့မှာလဲ? တောက်ရန်ကလည်း ကြိုတင်တွက်ဆထားပြီးတဲ့ပုံပေါ်ကာ ကဒ်တွေကို မွှေလိုက်တယ် "လူက နည်းနည်းပဲရှိတယ်ဆိုတော့ စည်းမျည်းတွေကိုလည်း ပြောင်းဖို့လိုပြီပေါ့"

သူ ရပ်လိုက်ပြီး လင်ရှန်းကို ပြုံးဆဆကြည့်ကာ "ငါတို့ နည်းနည်းလေး ကြေးကြီးပြီးဆော့ရင်ရော? လူလေးယောက် truth or dareဆော့ပြီး ရလဒ်အနည်းဆုံးလူက အပြစ်ပေးခံရမယ်"

"...ကောင်းပြီလေ" လင်ရှန်း ခေါင်းငြိတ်လိုက်တယ်။

"ငါ ကဒ်ဝေပြီနော်" တောက်ရန် ပြောလိုက်တယ်။ သူကလည်း ဆန်းပြားတဲ့လှည့်ကွက်တွေ ဘာမှမသုံးဘဲ ထိပ်ဆုံးမှာရှိတဲ့ ကဒ်လေးကဒ်ကို အသီးသီးဝေပေးလိုက်တယ်။ တစ်ယောက်မှ ကဒ်ကို အရင်မကြည့်ရသေးဘဲ တောက်ရန်က ထပ်ပြောလာတယ် "Aကနေစပြီး တိုင်းသွားမယ်၊ အကြီးဆုံးက King၊ ပြီးရင် small King၊ Kက အမြဲတမ်း Aကို နိုင်တယ်၊ အမှတ်တွေ တွက်တာက အတူတူပဲ ပြီးတော့ အနက်နဲ့အနီ heartတွေကလည်း ဒီအစဉ်လိုက်အတိုင်းပဲ"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now