လည်ဘင်းကုတ်ပြီး ငြင်းချင်နေသေးတဲ့ ကိုကိုကြောင့် ကိုကိုနဖူးကို အနမ်းလေးတစ်ချက်ပေးပြီး အတင်းသွားအိပ်ခိုင်းလိုက်သည်။

သူ့လက်ပေါ်က သားစော်အော့လေးကတော့ သူတို့ကို ကြည့်ပြီး တခစ်ခစ်ရယ်နေသည်။

ရိပေါ်နဲ့ရှောင်ကျန်းရဲ့ အိမ်ထောင်သက်တမ်းက အခုဆို ခြောက်နှစ်ဝင်နေပြီ။ ချစ်သူသက်တမ်းနဲ့ ဆိုရင်တော့ ၈နှစ်ရှိပြီပေါ့။‌
ရိပေါ်အခု အသက်က ၂၃နှစ် ၊ကိုကိုက ၂၈နှစ်ပေါ့။ ကိုကိုက သူ့ထက်၅နှစ်ကြီးတယ်။
မွေးရာမာ သန္ဓသေားပါလာလို့အိမ်ထောင်သက်တမ်း ၄နှစ်ကျော်ကျော်မာ ကိုကိုက ကိုယ်ဝန်ရလာတယ်။အစက သူလည်းမယုံကြည်နိူင်ခြင်းနဲ့ နောက်ပြီး သူလည်း ကြောက်နေခဲ့တာ။ မိန်းကလေးတောင်မှ အန္တာရယ်များနေတာ ၊ ‌ယောက်ျားဖြစ်တဲ့ ကိုကိုအတွက်တော့ တကယ်မတွေးရဲ စရာပေါ့။

ကိုယ့်သွေးသားပဲ လိုချင်တာပေါ့။ဒါပေမယ့် ကိုကိုသာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ ကြောက်စိတ်က သူ့ကိုပိုပြီး တုန်လှုပ်စေခဲ့တယ်။...ကိုကိုကပြောတယ် ကိုကို ကိုမယုံဘူးလားတဲ့။ဟင့်အင့် ကြိုမသိတဲ့ ကံကြမ္မာကို သူမယုံရဲတာ။
သူဘယ်လိုပဲ တားတားမရတာမို့ နောက်ဆုံးတော့ ကိုကိုသဘောအတိုင်း လိုက်နာလိုက်ရတယ်။ သူအထူးဂရုစိုက်မှူ့နဲ့ပေါ့။ အဲ့အချိန်မာ ကိုကိုသာ သူ့သဘောကိုနားထောင်နေခဲ့ရင် ကိုယ့်သွေးသားကို ဆုံးရှူံးရတော့မလို့။အခုတော့ သားစော်အော့လေးတောင် တစ်နှစ်ကျော်နေပြီ။

တောင်းပန်ပါတယ် ကိုကို အဲ့အချိန်သူအတွေး
မှားနေခဲ့လို့။
ကျေးဇူးတင်ပါတယ် ကိုကို အန္တာရာယ်ကြားကနေ ဘာမှမဖြစ်ပဲ မောင်တို့သွေးသားလေးကို မွေးဖွားလာပေးခဲ့လို့။
အရမ်းချစ်တယ် ကိုကို မောင့်အသက်နဲ့ရင်းပြီး မောင်တို့မိသားစုကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းစေရမယ်လို့ မောင်ကတိပေးပါတယ်။

..............

ညနေ companyကနေပြန်လာတော့ အိမ်ကတိတ်ဆိတ်နေတာ ။သားလေးအိပ်နေတာ ထင်တယ်။ လွယ်အိတ်ကို ခုံပေါ်မာ ချထားလိုက်ပြီး ဟင်းအနံ့လေး ရနေတဲ့မီးဖိုချောင် အခန်းထဲကို ဝင်လာလိုက်သည်။

Our Family (Completed)Where stories live. Discover now