~ 8 ~

410 51 2
                                    

" ဟယ်လို ချန်း "

" အင်း ငါဒီမှာပြန်စရာမရှိဖြစ်နေလို့ ..."

" အလိုရလား...အင်းအဆိုလိပ်စာပို့ပေးလိုက်မယ်...အင်း ကျေးဇူးပဲချန်း "

ဖုန်းချလိုက်ပြီး လက်ထောက်ကောင်လေးကိုပြုံးပြလိုက်သည်။ထိုကောင်လေးကတော့ ဆရာဆက်တာချန်းဆိုပြီးကြားလိုက်သလားလို့ပါ..လို့တွေးနေမိသည်။သိပ်မကြာခင်အချိန်ပိုင်းလေးမှာတော့ သူတို့ရှိရာဘူတာရုံလေးနားမြေကွက်လွတ်ကြီးထဲအရာတစ်ခုဆင်းလာသလိုမျိုး...လေတွေဒရဟောတိုက်လာပြီးသူရောသူ့လက်ထောက်ကောင်လေးရော ဆံနွယ်တွေမိုးပေါ်ပျံကာနေသည်။

" အကိုကြီးကို ကျွန်တော်တို့လာခေါ်
တာပါ "

လူမိုက်လိုလိုဘာလိုလိုခပ်ထွားထွားလူနှစ်ယောက်ကသူတို့ကိုလာခေါ်လေသည်။ဆရာကတော့ အေးရာအေးကြောင်းသူတို့နောက်လိုက်သွားလေသည်။သူလည်းအမြန်ပဲဆရာ့နောက်ပြေးလိုက်သွားမိသည်။အဝေးမှာဖုန်လုံးတွေနဲ့ဆိုတော့ မြင်ကွင်းကမှုန်ဝါးနေခဲ့တာ အနီးကပ်ကြည့်လိုက်တော့ private လေယာဥ်အသေးစားလေး..သူအံ့သြတကြီးကြည့်နေမိသည်။ဆရာနဲ့သူ့ကိုလေယာဥ်လှေကားထိပ်ကနေတစ်စုံတစ်ယောက်ကဆီးကြိုနေသည်။အားပါးပါး....ရှယ်ချောရှယ်မိုက်ဘဲကြီးတစ်ပွေ..သူတို့အလာကိုရပ်စောင့်နေပုံကမော်ဒယ်မင်းသားအလား။

" ဘေဘီ! "

ဟမျ......။
ဆရာ့ကိုသူကလက်ကမ်းပေးလို့နေသည်။ဘယ်လို..ဘယ်လိုခေါ်လိုက်တာ....။ဆရာကလည်းထိုလူ့လက်ထဲသူ့လက်တစ်ဖက်ပြန်ထည့်ပေးတယ်..ဆရာအပေါ်လည်းရောက်ရောဆရာ့ကိုထိုလူက ဆွေ့ခနဲသူ့ရင်ခွင်ထဲဆွဲဖက်လိုက်လေသည်။ဟမ်..ဘာတွေလဲ။

" ဘယ်လိုဖြစ်နေလဲ ချန်း "

" ဘေဘီ သိရဲ့သားနဲ့ "

" အဟမျး..အဟမျး...ဆရာ! "

" အော သူကဘယ်သူလဲ "

လူအကောင်လိုက်ကြီးသူ့ကိုအခုမှမြင်သွားတဲ့ပုံနဲ့ထိုလူကဆိုတယ်...သူ့ရဲ့မျက်လုံးတွေကပိုပြီးပြူးကျယ်လာနေတယ်။

" ငါ့ရဲ့လက်ထောက်လေးလေ "

" အော် "

" သူကဆရာ့ချစ်သူ "

Mafia's Love Lawyer {Completed }Where stories live. Discover now