~ 4 ~

376 58 1
                                    

" သားဒိုဂယောင်ဆူး..ဒီလူကြီးမင်းကသားရဲ့ဆွေမျိုးနီးစပ်တော်တယ်..သူကသားကိုခေါ်သွားပြီးကျောင်းဆက်ထားပေးချင်ပါတယ်တဲ့..စစ္စတာကြီးကတော့သားဆန္ဒအတိုင်းအတူရှိနေပေးမယ် သားဖြစ်ချင်တာပြောပါ "

ထိုလူကြီးမင်းကိုလည်ပြန်မော့ကြည့်မိတဲ့အခါ အခုနကလိုမျိုးသူ့ကိုနွေးနွေးထွေးထွေးပြုံးပြလာပြန်လေသည်။လူကြီးမင်းမျက်နှာမှာ သူသဘောကျမိတဲ့ပတ်ချန်းယောလ်လိုပါးချိုင့်လေးက ထင်းထွက်နေလို့နေသည်။ရပါပြီ ဒီလောက်ဆို...။

" သားလိုက်သွားပါ့မယ်...စစ္စတာကြီး "

ဒီလိုနဲ့ပဲ သူဟာမွေးကင်းစကလေးဘဝကတည်းကနေထိုင်ခဲ့တဲ့ဂေဟာကနေယခု ၁၈နှစ်အရွယ်မှာတော့ ထိုလူကြီးမင်းရှိတဲ့အရပ်မှာ ဆက်လက်ကြီးပြင်းရတော့မည်ဖြစ်သည်။

......................................

ထိုလူကြီးမင်းကဆိုးလ်မြို့ရဲ့ လူကုန်ထံသူဌေးရပ်ကွက်တစ်ခုမှာနေထိုင်သည်။တစ်ပတ်တစ်လကြာသည့်တိုင် လူကုန်ထံအသိုင်းအဝိုင်းကြားမှာ သူကျင့်သားမရခဲ့ပေမယ့်လူကြီးမင်းက သူ့ကိုအစစအရာရာဂရုစိုက်ပြုပြင်ပေးသည်။အထက်တန်းအောင်ပြီးဆုံးသည့်နေ့မှာပဲ လူကြီးမင်းကသူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုပြောပြလို့လာသည်။သူ့ဖခင်နဲ့မိခင်ဟာအသတ်ခံခဲ့ရတာ..သူ့ကိုစွန့်ပစ်ခဲ့ကျတာမဟုတ်ဘဲသူရှင်သန်ဖို့အတွက်စတေးခဲ့တဲ့သူတွေ..သူထိုအချိန်မှစ၍ သူ့မိဘတွေကိုသတ်သွားသည့်လူမိုက်တွေကိုဖော်ထုတ်နိုင်ဖို့သာ စိတ်အားထက်သန်နေခဲ့မိသည်။တက္ကသိုလ်ရွေးချယ်တဲ့အချိန်ရောက်လာချိန်မှာတော့ သူက LawUniversity ကိုတက်ဖို့သာရွေးချယ်ခဲ့သည်။

" အဆင်သင့်ဖြစ်ပြီလား ချာတိတ် "

" ဟုတ် ဦး "

ဒီနေ့ကသူ့ရဲ့တက္ကသိုလ်ပထမနှစ်ရဲ့ပထမဆုံးနေ့ ဦးကသူ့ကိုကိုယ်တိုင်ကျောင်းကိုလိုက်ပို့ပေးမည်ဖြစ်သည်။တက္ကသိုလ်ဝင်းထဲဝင်သွားသည်နှင့် သူနဲ့ရွယ်တူ ဖူးပွင့်စပန်းလေးတွေ၊ပျားပိတုန်းလေးတွေနဲ့ အရာရာဟာသစ်လွင်ကာလတ်ဆတ်လို့နေသည်။ပတ်ချန်းယောလ်တစ်ယောက်ရော အဆင်ပြေနေရဲ့လား....

Mafia's Love Lawyer {Completed }Where stories live. Discover now