Chapter sixteen: : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်

Start from the beginning
                                    

ဝန်ထမ်းအိမ်ယာရှေ့တွင် အသင့်စောင့်နေကြသည့် အမေတို့သူနာပြုဌာနက အဖွဲ့များက ကားပေါ်သို့ မဟန်နီအပါအဝင် တစ်ယောက်ပြီးတစ်ယောက် တက်လာကြသဖြင့် သန့်ဇင်ကို ခဏဆင်းပေး လိုက်သည်။
 

ကျိုက်ထီးရိုးခရီးစဥ်တွင် ပါဝင်သောသူများသည် သူနာပြုဌာနက ရွယ်စုံဆိုက်ဒ်စုံ Nurse မများ ဖြစ်သောကြောင့် ယောကျာ်းလေးဆို၍ သန့်ဇင်ကိုတစ်ယောက်သာ ပါဝင်လေသည် ၊ မီးများမီးနိုင် ရေများရေနိုင် ဟူသည့်စကားအတိုင်း သူတို့၏ ပွစိပွစိ စကားသံများ ကြားသည့်အခါ အိပ်ငိုက်နေသည့် သန့်ဇင်ကိုတစ်ယောက် ဖီးလ်ကျဲလာသည်။

 
ထိုအချိန်တွင် သူ၏ဘေးတွင်ထိုင်လိုက်လာသည့် မမဟန်နီက သန့်ဇင်ကို၏ လက်မောင်းကို ပုတ်ကာ....

 
“မောင်လေး.....ငိုက်မနေနဲ့တော့ ၆ထပ်ကွေ့ရောက်နေပြီ ၊ လမ်းကဟိုယိမ်းဒီယိမ်းနဲ့ အိပ်လို့ ရမှာမဟုတ်ဖူး”

“အွန်း...ဟုတ်တယ် အမ....ဝါး”

“ မတွေ့ဖြစ်တာတောင်ကြာပြီနော်.... အသားတွေဖြူလာသလိုပဲ ၊ စာမေးပွဲရော ဖြေနိုင်လား”

“ဟုတ်အမ....သင်္ချာနေ့ကတော့ မေးခွန်းသတ်တယ် ၊ အောင်တော့အောင်ပါတယ်လေ.... ဆယ်တန်းတစ်နှစ်လုံး အခန်းတွင်းအောင်းနေရတော့ ဖြူလာတာပါ”

“ဟုတ်တယ်...အမရဲ့ ညီမတစ်ဝမ်းကွဲလည်း သင်္ချာနေ့က သိပ်မဖြေနိုင်ဖူးပြောတယ်”

“အွန်း...ဟုတ်တယ်...ဝါးးးး”

“ရော့...အိပ်ချင်ပြေ...လိမ္မော်သီးစား”

“အွန်း..အမ ကျေးဇူးပဲ ၊ အမရော ကောင်လေးနဲ့အဆင်ပြေလား”

“ဘယ်တစ်ယောက်လဲ”

“ကျွန်တော် ကိုးတန်းတုန်းက အမတွဲနေတယ်ဆိုတဲ့ တစ်ယောက်လေ”

“အဲ့တစ်ယောက်နဲ့ပြတ်သွားပြီ ၊ အခုလောလောဆယ်တော့ အမကလူလွတ်ပဲ...ဟဲဟဲ ”

“အော်....”

“မောင်လေးရော.....အရင်ကြိုက်နေတယ်လို့ပြောတဲ့ ကောင်မလေးနဲ့ အခြေအနေ ဘယ်လိုရှိလဲ”

“အွန်း....တိုးတိုးလေးပြောပြမယ်...အနားကိုတိုး ၊ ကျွန်တော်သူ့ကိုဖွင့်ပြောလိုက်ပြီ....”

When we were young Where stories live. Discover now