"ငါချစ်တဲ့သူကမင်းလေ Taehyung..မင်းလဲဒါကိုရိပ်မိပါတယ် "

"မင်းငါ့ကိုအရင်ကချစ်ခဲ့ရင်ချစ်ခဲ့မယ်..ဒါပေမယ့်မင်းအခုငါ့ကိုသာချစ်ရင် ဒီလိုမျိူးငါ့အပေါ်မှာလုပ်ရက်မှာမဟုတ်ဘူး "

"ငါမင်းကိုချစ်လို့ ဒီလိုတွေလုပ်ခဲ့တာ..မင်းကို Jungkook ဆီမပေးနိုင်လို့..Jungkook မင်းအပေါ်လုပ်ခဲ့တာတွေကိုမေ့သွားတာလား Taehyung..မင်းအရင်တည်းက.."

"တော်လောက်ပြီ Jimin..မင်းကအခုထိမင်းမှန်တယ်လို့ပဲမြင်နေတာ..မင်းဘေးကလူတွေရဲ့ခံစားချက်ကို နည်းနည်းလေးမှထည့်မတွက်ဘူး..ငါတကယ်အရင်တုန်းကငါ့သူငယ်ချင်း Jimin ကိုပဲပြန်လိုချင်တယ်..အတ္တကြီးတဲ့မင်းကိုမဟုတ်ဘဲ.."

"Taehyung na.."

Jimin က Taehyung လက်ကိုဆွဲပြီးပြောလိုက်သည်..

(မင်းကငါ့ကိုနည်းနည်းလေးမှတောင်းပန်ဖို့စိတ်ကူးမရှိဘူးဘဲ..)

Taehyung သက်ပျင်းချလိုက်ပြီး Jimin ရဲ့လက်ကိုဆွဲဖြုတ်လိုက်သည်..

"မင်းကငါ့သူငယ်ချင်း Jimin မဟုတ်ဘူး "

ပြောပြီး Jungkook လက်ကိုဆွဲကာထွက်သွားတဲ့ Taehyung...

Jimin နှလုံးသားကတင်းကြပ်ပြီးငိုချင်လာသည်..Taehyung ကသူ့ကိုနားကြည်းသွားပြီ..သူ့အပြစ်မှန်းသိပေမယ့် တောင်းပန်ဖို့နှုတ်ကစကားတခွန်းတောင်ထွက်မလာ..Taehyung ခွင့်မလွှတ်မှာကိုကြောက်သည်..

ခေါင်းငိုက်စိုက်ကျနေတာကြောင့် Jimin မျက်ရည်တွေကမြေပြင်ပေါ်ကိုဆက်တိုက်ကျနေသည်..

"Jimin na.."

Suga အသံဖျော့ဖျော့လေးနဲ့ခေါ်လိုက်တော့ Jimin ကသူ့(sg)ကိုမျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့လှည့်ကြည့်လာသည်..ဝမ်းနည်းပြီး နာကျင်နေတဲ့ Jimin အတွက် Suga ကပြစ်မှတ်ဖြစ်သွားရသည်..Jimin သူ့ဘေးနားက Suga ကိုဆောင့်တွန်းလိုက်ပြီး...

"ခများကြောင့်အဲ့တာ..ခများသာကျတော့်ကိုမကြိုက်ခဲ့ရင်.ခများသာကျတော့်ဘေးမှာတောက်တဲ့လိုမတွယ်ကပ်ခဲ့ရင်..ခများသာကျတော့်ရဲ့ပထမဆုံးကိုမယူခဲ့ရင်..ခများသာ Jungkook ကိုမကူညီခဲ့ရင်...ခများကြောင့်သာမဟုတ်ရင်ဒီလိုတွေဖြစ်လာမှမဟုတ်ဘူး..ခများကိုကျတော်မုန်းတယ်..ခများကိုလည်းဘယ်တော့မှချစ်လာမှာမဟုတ်ဘူး...Min Suga ခများကိုစောက်ရမ်းမုန်းတယ် "

MAY BE FRIEND (Complete)Where stories live. Discover now