ခြူးမေခင်သည် သူမ၏Aခန်းသို့သွားရန် နုခေါင်၏ အခန်းမှ ထွက်လာခဲ့သည်။
"ညီမ"
ဟင် ရှေ့မှာပိတ်ရပ်နေတာက ဟို
ကိုးတန်းလူ။နေ့လယ်စာ ချိန်ဖြစ်၍ Eခန်းထဲ၌ကျောင်းသားအနည်းငယ်သာ
ရှိသော်လည်း သူများအခန်းရှေ့မှာ ဖြစ်၍ မျက်နှာများပူထူလာပါလေ
ပါသည်။"ဟိုလေ လမ်းလေး ဖယ်ပေးလို့ ရမလား"
"ဟိုနေ့က...
"ဒါက ဘာဖြစ်နေတာလဲ"
ဒါ အနုရဲ့အသံပဲ။
သူမက အားကိုးတကြီးလှည့်ကြည့်လိုက်တော့ နက်မှောင်သော မျက်ခုံးတို့က တွန့်ချိုးလို့။ စူးရဲတောက်နေသော
မျက်လုံးအစုံကမူ သူမကိုလွန်၍ တစ်ဖက် အဖွဲ့ဆီက ဟိုလူ့ဆီသို့။"အနု "
ပြုံးစစနဲ့ ကိုးတန်းကောင်ရဲ့ ပါးစပ်ကနေ ထွက်လာတာက သူ မကြိုက်သော နာမည်။
"တောက်"
"လာခဲ့ ခြူးမေခင်"
အနုက သူမလက်ကို ဒေါသတကြီး ဆုပ်ကိုင်ကာ ဖြိုးခန့်တို့အဖွဲ့ကို ဖြတ်ကျော်လိုက်သည်။ အနုဒေါသထွက်နေပြီ ဆိုတာ သူမသိပါသည်။
ဒါပေမဲ့ သူ့လက်တွေက ဘာကြောင့်များ ကယ်တင်ရှင်တစ်ယောက်လို
နွေးထွေးနေရပါသလဲ။"အဟား အလကားပါကွာ
ကောက်ရိုးပုံစောင့်နေတဲ့ ခွေးလေး"နောက်နားဆီက ခပ်သဲ့သဲ့ရယ်သံနဲ့အတူ ကြားလိုက်ရသော စကားကြောင့် နုခေါင်၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားကြသည်။
"အခြူး နင့်အတန်းထဲ နင်၀င်တော့"
မီး၀င်း၀င်းတောက်နေသော မျက်၀န်းအစုံကို သူမ မကြည့်ရဲပါလေ။
အနု လို့ အခေါ်ခံရခြင်းမှာ သူမက တရားခံမလား။"ငါ ငါတောင်းပန်ပါတယ်ဟာ"
"၀င်တော့လို့ ပြောနေတယ် "
မျက်နှာငယ်လေးဖြင့် အခြူးက အတန်းထဲသို့ ၀င်သွားလေပြီ။ သူက
နောက်ကျောဘက်သို့ ပြန်လှည့်လျှောက်လာခဲ့သည်။ ပြောင်မြောက်လှစွာသော ဗီလိန်တစ်ယောက်၏ အပြုံးကို လှပစွာ ဆင်မြန်းလျှက်။