❄Part (15)❄ဆရာတစ်ယောက်ပဲ

Start from the beginning
                                    

အထိမခံတဲ့ အသားအရေက ချီးစီနဲ့တွေ့မှ ပြောင်းလဲသွားပြီး ချီးစီက သူ့အနောက်ကို တကောက်ကောက် ပါအောင် လိုက်တော့မယ်လို့ ပြောတာကြောင့်လား။ အကြောင်းပြချက်က မရေရာပေ။

အောက်ဘုံမြို့တော်ကို ရောက်တဲ့အခါ ချီးစီကသူ့ကို စည်ကားလှတဲ့ မြို့စျေးကြီးထဲ ခေါ်သွားသည်။ ရွှမ်းယင်က သူ့ရဲ့ရောင်ဝါကို သိမ်းဆည်းထားပေမယ့်လည်း အလှတရားကတော့ သိမ်းဆည်းမထားနိုင်ပေ။

မြို့သားအများစုရဲ့ မျက်လုံးတွေက ပတ်ဝန်းကျင်ထက် ရွှမ်းယင်အပေါ်ကိုသာ ရောက်ရောက်လာရာ အစကတည်းက လူရှိန်သော ရွှမ်းယင်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့လာ၏။

("ဟုတ်သားပဲ.... ရွှမ်းယင်ရဲ့အသားအရေက လူကြားထဲမှာ သွားလာလို့မရဘူးလေ....")

ချီးစီ သူ့ဘေးမှာ လက်တွေကိုဖွက်ထားတဲ့ အလှလေးကို လှည့်ကြည့်လိုက်သည်။ ရွှမ်းယင်သည် အောက်ဘုံမြို့တော်ကို မရောက်ဖူးမှန်း သိသာ၏။ သူက မြို့တော်ထဲမှာ ကပြဖျော်ဖြေနေတဲ့ ဆက်ကပ်အဖွဲ့တွေ၊ နဂါးရုပ်တွေထဲ ဝင်ပြီးကနေသူတွေနဲ့ လက်ခုပ်သြဘာတီး၍ အားပေးနေကြသူတွေကို ကြည့်နေသည်။

တစ်ချက်တစ်ချက် နှုတ်ခမ်းထောင့်လေး နှစ်ဖက်က ကွေးကွေးတက်သွား၏။ လူသားတွေရဲ့ ပျော်ပွဲရွှင်ပွဲ ရိုးရာအလှကို သဘောကျနေတာ ထင်ရှားလေသည်။ သို့သော် လက်ကလေးကိုတော့ ဝတ်ရုံလက်တွေအောက်မှာ ဖွက်ထားတုန်းပင်။

ထိုစဥ် ကလေးတစ်အုပ် ပြေးလွှားဆော့ကစားနေရင်း ကလေးတစ်ယောက်က ရွှမ်းယင်ကို ဝင်တိုက်မိသွားတော့သည်။

"အ့....."

ကလေးက နောက်ပြန်ဖင်ထိုင်ရက် လဲကျသွား၏။ ရွှမ်းယင်လည်း ငုံ့ကြည့်လိုက်ပြီး သူ့ကိုယ်သူတောင် မေ့လျော့သွားကာ ကလေးကို ထူမပေးရန် လက်လှမ်းလိုက်စဥ် လက်တစ်ဖက်က သူ့ထက်အရင် ကလေးကို ဆွဲထူလိုက်လေသည်။

ညင်သာမှုတော့ မရှိ။ ရွှမ်းယင် ဘေးကိုကြည့်လိုက်တော့ ချီးစီက ကလေး၏အင်္ကျီပေါ်က ဖုန်တွေကိုခါပေးနေရင်း နှုတ်ဟလိုက်လေသည်။

Until Death (OC) Complete Where stories live. Discover now