"ယုန်နေနေ လူနေနေတစ်ရုပ်ထဲပါပဲ "

"ထုထုက အမြဲချောနေတာ မနာလိုတာလားလူကြီးကြီး "

"လူကြီးကြီး?  မင်း ငါ့မိန်းမကိုကျ မာမီဆိုခေါ်ပြီး ငါ့ကျဘာလို့လူကြီးကြီးလဲ ?"

"မာမီကလှလို့ "

"ငါကရော? "

"သခင် ထုထုဗိုက်ဆာလာပြီနော "

ယုန်လူလည်ကတော့ ရှောင်ကွင်းလေပြီ ။ Alpha
ရဲ့ဖခင်က နှုတ်သီးစူစူလေးကိုကြည့်ပြီးပြုံးလိုက်တယ် ။

"ရော့ ငှက်ပျောသီးကြိုက်တယ်မလား "

"ထုထုစားဘူး သခင်ကျွေးမှစားတာ "

"မင်းသခင်ကျွေးလို့ငှက်ပျောသီးက အတောင်မပေါက်လာပါဘူးဟ "

ထုထုကတော့ဂရုမစိုက်ပါဘူး ။ သူက လူကြီးကြီးပေးသမျှငြင်းဆန်လိုက်တယ် ။ လက်ဆောင်တွေတော့သူလက်ခံပေမဲ့ သခင်ကပဲသူ့ကိုအစာကျွေးနေကျမို့သူများကျွေးရင်မကြိုက်ဘူးရယ် ။

"ဒယ်ဒီ... ကျွန်တော့်ကိုပေး "

Alpha က သူ့ဖခင် အခွံနွှာထားတဲ့ငှက်ပျောသီးကိုကောင်လေးပါးစပ်နားတေ့ပေးတော့ တလှုပ်လှုပ်နဲ့စဝါးတယ်။

"ဟ... ဒါကဒါပဲကို မင်းဟာကလည်း "

Alpha ကပြုံးလိုက်တယ် ။ အဲ့လိုအသေးစိတ်လေးတွေကအစသူ့ကိုရွေးချယ်ပေးလို့သူ့မှာသိပ်ကြည်နူးရပါတယ် ။ Sean က ငှက်ပျောသီးကုန်သွားတော့ Alpha လက်မှပေနေတဲ့အနည်းငယ်ကိုပါလျှာနဲ့လျက်ပြီးသန့်စင်ပေးတယ် ။

"လက်မှာပိုးတွေရှိနေနိုင်တယ် မလျက်ရဘူး "

"ဟုတ် "

Sean က ထူးထူးခြားခြားလိမ္မာစွာဖြေပြီး Alpha ခွံသမျှ ငြိမ်သက်စွာစားနေခဲ့ပါတယ် ။ ထုထု စိတ်ဖိစီးနေတာတစ်ခုရှိတယ် ။ လူပုံစံအကြာကြီးနေတိုင်းသူ လူလိုအညစ်အကြေးစွန့်ရတယ် ။
ထုထုအရမ်းရွံတာပဲ ။ အညစ်အကြေးစွန့်ခါနီးကျရင်သူယုန်ပြန်ဖြစ်သွားပါစေနော ။ ထုထုရဲ့ယုန်အီးတုံးလေးတွေက ရမ်းရမ်းလှတယ်လေ ။

AN - ဘောင်းဘီချုပ်ရိုးပြဲတာကိုပြတာပါ ပျိုတို့ရယ် ။ အဲ့ဒါမို့ Haha ပေးနေကြတာကိုး Fb မှာ 😂 ။

Xiao Tu Tu and Leo Where stories live. Discover now