~17~

7.9K 1.2K 52
                                    

အခန်း (၁၇) - ထုထုသူခိုးလေး ။ 

ထုထုသခင့်ပေါင်ပေါ်တက်ထိုင်ရင်းခေါင်းလေးပွတ်ခွေ့လိုက်တယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ထုထုသခင့်ပေါင်ပေါ်တက်ထိုင်ရင်းခေါင်းလေးပွတ်ခွေ့လိုက်တယ် ။

"သခင် ထုထုဗိုက်ဆာတယ် "

"ကိုယ်ပြင်ပေးမယ် ခဏနေခဲ့နော် "

Alpha က ဆင်ဆင်ခြင်ခြင်နေချင်ပေမဲ့ ခဏတာအတွင်းမှာပင် လူသား Sean ကို သူမြတ်နိုးနေမိပြီ ။ အပြုအမူတွေက ထပ်တူညီသလို
သူ့အပေါ်ကြည့်တတ်တဲ့တွယ်တာရိပ်သန်းတဲ့ ယုန်မျက်သွယ်  ရှည်လေးတွေကမပြောင်းလဲ ။

"ထုထုလိုက်မှာ "

Sean က သူ့လည်တိုင်ကိုဖက်တွယ်ထားပြီးတော်တော်လေးဆိုးတယ် ။

Alpha က မတတ်နိုင်စွာဘဲ Sean ကိုလက်ဖစ်ဖက်နဲ့ချီရင်း ကျန်လက်တစ်ဖက်နဲ့သာ အစာပြင်လိုက်ရတယ်။ Sean အရမ်းကြိုက်တဲ့မြက်ခြောက်ကွတ်ကီးဖုတ်ပေးတော့ Sean ကပျော်သွားတယ်။ တစ်ကိုက်ကိုက်ပြီးတာနဲ့ ပြန်ထွေးထုတ်တာမို့  Alpha က ပါးစပ်ကထွက်သမျှလက်နဲ့ခံထားပေးလိုက်တယ် ။

"ထုထုစားလို့မရဘူး တစ်ခုခုမှားထည့်ထားလား "

Alpha က သူ့ယုန်ထွေးထုတ်ထားတဲ့ကွတ်ကီးစကို မြည်းကြည့်လိုက်တယ်။ သူ့ယုန်အပူလောင်မှာစိုးလို့သူအမြဲမြည်းကြည့်နေကျပါ ။ အရသာကပုံမှန်အတိုင်းပဲဖြစ်တယ် ။

"လူဖြစ်သွားလို့မစားနိုင်တော့တာများလား "

သူ့ယုန်ကစားပွဲပေါ်တက်ဖို့လုပ်နေတော့သူဆွဲလိုက်ပြီးပေါင်ပေါ်တင်လိုက်တယ် ။ Sean က စားပွဲအလယ်မှာရှိတဲ့အသီးတွေကိုယူဖို့ သူချုပ်ထားတာကိုရုန်းပြီး ကုန်းကုန်းလေးလှမ်းဆွဲတယ် ။ သူ့မျက်နှာရှေ့တည့်တည့်ရောက်နေတဲ့ တင်ပါးလုံးလေးတွေကိုကြည့်ပြီး Alpha က အံတင်းတင်းကျိတ်လိုက်ရတယ် ။

Xiao Tu Tu and Leo Where stories live. Discover now