မာမီက ယုန်ဘေးနားမှာထိုင်ရင်းနူးနူးညံ့ညံပွတ်သပ်ပေးလို့ ။

"ဒယ်ဒီ သွားနားလိုက်ပါလား "

"ရတယ် မပင်ပန်းဘူး "

"ဟုတ် "

"သူကလူမဖြစ်သေးဘူးလားကွ "

"ဟုတ်မဖြစ်သေးပါဘူး ညနေလောက်မှ ...."

"မိန်းမရေ တရေးလောက်သွားမှိန်းရအောင် "

Alpha က ဖခင်က သူ့မိန်းမကိုလှမ်းခေါ်ပြီးထိုင်ရာကထတယ် ။

"နားမလို့လား "

"မင်းဖအေကိုငယ်သေးတယ်များထင်နေလား ညောင်းချိနေပြီ "

Alpha က မျက်ခုံးကိုအသာပွတ်ရင်းခေါင်းညိတ်ပြလိုက်တယ် ။ ထုထုကအခန်းဝထိပြေးလိုက်သွားပြီးသူ့ထွက်ပေါက်ကိုကြွားပါတယ် ။ အပေါက်ဝထဲ ဝင်ချည်ထွက်ချည်လုပ်ပြနေတဲ့ယုန်ကို Alpha ရဲ့ဖခင်ကအံကျိတ်ပြီးခေါင်းညှစ်ချသွားတယ်။

****

ညနေအတွက် ထမင်းဝိုင်းကိုအစေခံတွေကဖွယ်ဖွယ်ရာရာပြင်ပေးထားတယ် ။ နွေးထွေးတဲ့အမွှေးပွဝတ်စုံလေးနဲ့ Sean က သူ့ရွေပခြုပ်လေးကို လည်ပင်းမအစ်အောင်ဖြေလျှော့ပြီးအလုပ်ရှုပ်နေတယ် ။

"ဒါလေးလား Sean က "

"မာမီ "

"အို"

မိခင်ဖြစ်သူက နှုတ်ခမ်းကိုအသာစေ့
ပိတ်ရင်းမယုံနိုင်သလိုနောက်ယို့သွားတယ် ။

"ဒါလေးက ဘယ်လိုတောင် သေးသေးအုအုလေးလဲ Omega လေးလား "

"သူ့မှာဘာမှမရှိဘူးရယ် Omega ကတော့မဟုတ်တာသေချာတယ် "

မိခင်က စိတ်ငြိမ်သွားတော့ယုန်ကောင်လေးကိုအသာဖွဖွပွတ်သပ်ကြည့်နေတယ် ။

"နူးညံ့နေတာပဲကွယ် "

"ဒီကိုလာခဲ့ဦး "

လူကြီးကြီးကခေါ်နေပေမဲ့ ထုထုမသွားပါဘူး ။ ထုထုကိုထိချင်ရင်ထုထုအနားလာပေါ့ ။ Alpha က ပြဿနာမဖြစ်စေချင်တာကြောင့်ကြားကနေ ညှိပေးလိုက်တယ် ။ Alpha ရဲ့ပေါင်ပေါ် ရောက်လာတဲ့ Sean ကို ဖခင်ကခေါင်းအသာ
လှမ်းဖွတယ် ။အမျိုးသားမို့ ကိုင်တွယ်ပုံကမနူးညံ့ ။ ယုန်ကောင်လေးကဆူပွပွလုပ်ပြီးသူ့သခင်ကိုလှမ်းတိုင်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now