"ဟုတ်လား ငါစဉ်းစားလို့မရတာရှိတယ် ဘာ့ကြောင့် ပိုင်ဝူရိက ကျိုးဝေ့ဖုန်းကို မသတ်ဘဲ ကိုယ်လုပ်တော်အဖြစ် ချန်ထားတာလဲ ''

"အင်း အဲ့တာ လျှို့ဝှက်တယ်နော် ထူးဆန်းတယ် ''

"အဲ့တာတွေထားပါတော့ ငါနဲ့လိုက်ခဲ့ပါ ငါကမြို့ထဲသွားဖို့မင်းကိုလိုအပ်တယ်''

"အင်း လိုက်ခဲ့မယ် ''

Kitty ကစကားအဆုံးမှာ ရှောင်းကျန့်၏လက်ထဲကိုဝင်လိုက်သည်။
လက်ထဲက ကြောင်ကလေးကို အမွှေးလေးတွေပွတ်သပ်ပေးပြီး စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းလာခဲ့သည်။

[ Kitty အခုလမ်းမှာ ဘယ်သူမှ မရှိကြဘူးလား ]

[ရှိတာပေါ့ သခင့်ကိုကြည့်နေကြတယ်]

[ဟုတ်လား ဘယ်သူတွေလဲ ]

[ဧကရာဇ် ပိုင်ဝူရိ ]

[ဟုတ်လား Kitty ဒီနားမှာ သစ်ပင်တွေဘာတွေ ငါ့လို မျက်မမြင်တစ်ယောက်အတွက် အန္တရာယ် ဖြစ်စေမယ့် တစ်ခုခုပေါ့  ]

[ရှိတာပေါ့ သစ်ပင်တစ်ပင် သခင့်ရဲ့ ခြေလှမ်းကိုဆယ်လှမ်းလောက်လျှောက်ပြီး ဘယ်ဘက်ချိုးလိုက် ငါးလှမ်းလောက်လျှောက်ပြီးရင် ရပြီ ]

[အင်း တကယ်လား ကျေးဇူး Kitty]

[ရပါတယ် သခင် ]

[Kitty ပိုင်ဝူရိက ဘယ်နားမှာလဲ]

[သခင့်ရဲ့ ညာဘက်မှာပါ သခင့်ကို ကြည့်နေတယ် အာ သခင် ဇာတ်လိုက်မရော ရောက်နေတယ်]

[ဟမ် ဘယ်နား ]

"အာ့...''

ရှောင်းကျန့်သည် Kitty ပြောတဲ့သစ်ပင်နား ရောက်ခါနီးတွင် လူတစ်ယောက်၏
ဆွဲပွေ့ခြင်းကိုခံလိုက်ရသည်။

"ဘယ် ဘယ်သူလဲ ''

[သခင် အဲ့တာ ဇာတ်လိုက်]

[ငါ သိပါတယ် လျှာမရှည်ပါနဲ့... ]

ဂုဏ်ဆာနေတဲ့ သခင့်အသံကြောင့် Kitty မှာ စေတနာနဲ့သွားပြောမိတဲ့ ကိုယ့်ပါးစပ်ကို အကြိမ်ကြိမ်ပါးချနေမိသည်။

'စိတ်ထဲမှာပဲ အပြင်မှာတော့မလုပ်ပါဘူး လုပ်ရင် နာမှာပေါ့ '

" ကိုယ်လုပ်တော်ကျိုး ''

"ဟမ် ပိုင်...အရှင်မင်းကြီးလား ''

Peculiarly System [Completed ]Where stories live. Discover now