အိပ်နေရင်းကနေ စားချင်လာပြီကွာ။
တံခါးအပြင်ကနေ ငါ့စိတ်ကို လာစမ်းနေတဲ့ ခြူးမ ငါနဲ့တွေ့မယ်။နုခေါင်က အိပ်မှုံစုတ်ဖွားဖြင့် မီးဖိုခန်းသို့ ရောက်လာသည်။
"မေချို သားလည်း ထမင်းကြော်"
"ဟောတော် ... မေက သားဖို့ လက္ဘက်ရည်တောင် ဖျော်ပြီးနေပြီ"
"အဲ့တာ မေချိုပဲ သောက်လိုက်တော့နော်.. "
"အေးပါအေးပါ "
ခြူးမဆိုတာ စားနေလိုက်တာများ ငါကိုတောင် လှည့်မကြည့်ဘူး။
"ဟဲ့ ငါ့ကို နည်းနည်းကျွေးစမ်းပါ"
"ဟာ ဟိုမှာ မေမေပြင်နေပြီလေ"
"လုပ်ပါဟာ တစ်လုပ်ထဲပါ "
"ဟာ သွား... မျက်နှာလည်း မသစ်သေးပဲနဲ့"
"အဲ ဟုတ်သားပဲ ဟဲဟဲ"
နုခေါင်က အပေါ်ထပ်သို့ ပြန်တက်လာခဲ့တော့သည်။
**နှစ်ယောက်လုံးစား၍ ပြီးသော် မေမေက ထမင်းဘူးနှစ်ဘူးကို သူမခြင်းထဲသို့ ထည့်ပေးလေသည်။
ဒါကတော့ မနှစ်က
စက်ဘီးစစီးကတည်းက ထုံးစမ်။
အနုဘီးမှာက ခြင်းဖြုတ်ထားတယ်လေ
ထားပါတော့ ဒါကတော့။ အဲ
ကျောင်းရောက်ရင်တောင် ကိုယ်တော်က သူ့ထမင်းဘူးသူ မယူဘူး။ စားချိန်ရောက်မှ သွားဆက်သရတယ်။
အစကတော့ သပ်သပ်အနိုင်ကျင့်တာလို့ပဲ မြင်တယ်။ ခုတော့ မေမေပြောသလိုပဲ ဒါလေးလုပ်ရတာ အပန်းမကြီးပါဘူးလေ။ ဖေဖေကြီးရဲ့ ကျေးဇူးတွေက အခြူးတို့ သားအမိအပေါ်မှာ နည်းတာလိုက်လို့။"ဟဲ့ အခြူး မြန်မြန်နင်းစမ်းပါ..နှေးလိုက်တာ"
"နင်ရှေ့ကသွားပါ့လား မြန်မြန်ရောက်ချင်ရင်"
ဘီးနှစ်စီးသည် အပြိုင် ယှဉ်လျှက်ရှိသည်။
"အေး ငါ့ကို ကလန်ကဆန် လာမလုပ်နဲ့နော် .. ဟိုနေ့က ကိစ္စကို လူကြီးတွေတိုင်လိုက်ရမလား"
"တိုင်ချင်တိုင်ပေါ့.. သူဟာ့သူလာပေးတာ ငါက ဘာလုပ်နိုင်မှာလဲ"
အနုရှေ့မို့သာ ဟန်ဆောင်ပြောလိုက်ရတယ် ။ ဒီကိစ္စကို ကိုကို သိသွားမှဖြင့်။
မဖြစ်ဘူး ။အနုဆိုတဲ့ ကောင်က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်။