“ဒီညတော့ ငါတစ်ယောက်တည်း နေချင်တယ်။ ငါ့ကို လွှတ်ထားပေးပါ ”

ထို့နောက် အခန်းအပြင်သို့ ထွက်သွားသော ခြေသံ။ဝုန်းကနဲ ဆောင့်ပိတ်သွားသော တံခါးရွက်၏ အသံ။အရာအားလုံးသည် အမှောင်အတိကျလျက်။ခံစားမှုချက်မဲ့နေသော ပျော့ခွေသွားသည့် သူ့ခန္ဓာကိုယ်သည် အေးစက်နေသော နံရံကိုမှီရင်း ခေါင်းငိုက်စိုက်ကျသွားသည်။

တိတ်ဆိတ်ငြိမ်သက်နေသော အိမ်လေးထဲဝယ် နာရီလက်တံ၏ တချောက်ချောက် မြည်သံကသာ စည်းချက်မှန်မှန်ထွက်ပေါ်နေသည်။အချိန်တွေ ဘယ် လောက် ကြာသွားသည်မသိ။သူ့မျက်လုံးတွေ ဖွင့်ကြည့်မိသောအချိန်တွင် နံနက်ခင်း၏ လင်းရောင်ခြည်များပင် ပျို့နေပြီ။

ဂျောင်ကု ခြေသံမကြားအောင် ခပ်ဖွဖွနင်းရင်း အခန်းတံခါးကို ပြန်ပိတ်သည်။အစ်ကိုသည် ကုတင်တစ်ဖက်ခြမ်းတွင် ပက်လက်အနေအထားဖြင့် အိပ်နေသည်။တမင်ငြိမ်နေသလား၊အိပ်မောကျနေသလားတော့ မပြောတတ်။ကျန်နေသည့် ကုတင်ဘက်ခြမ်းသို့ ဂျောင်ကု ဝင်လှဲလိုက်သောအခါ အစ်ကို့ခန္ဓာကိုယ်က ချက်ချင်းဘေးသို့ စောင်းသွားသည်။ကျယ်ပြန့်သော အစ်ကို့ကျောပြင်သည် သူ့ကိုနောက်ခိုင်းလျက်။

“အစ် ကို ”

ခပ်တိုးတိုး ခေါ်မိတော့ ထူးသံမကြားရ။ခါးပေါ်သို့ လှမ်းဖက်ဖို့ လက်လှမ်းလိုက်ပေမယ့် သူ့လက်တွေက လမ်းတစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားသည်။ အပြစ်ရှိနေသူတစ်ဦး၏ သွေးများစီးဆင်းနေသော ထိုလက်များဖြင့် အစ်ကို့ကိုမထိရက်တော့ပါ။

သူ့ မျက်လုံးထောင့်စွန်းမှ  မျက်ရည်များသည် အပြာရောင်ခေါင်းအုံးပေါ်သို့ တစ်စက်ချင်း စီးကျသွားသည်။

ွအစ်ကို့ အနားနေချင်လို့ ကြိုးစားမိရုံပါ။
ဘာလို့ ဒီလောက်ရက်စက်ရတာလဲ ကံကြမ္မာရယ်။

𖧷 . 𖧷 .𖧷

နောက်ပိုင်းတွင် ဆော့ဂျင် ပုံစံက သိသိသာသာ ပြောင်းလဲသွားသည်။မနက်မိုးလင်းတာနဲ့ ဆိုင်ကို အစောကြီးသွားတတ်သလို မိုးချုပ်မှ အိမ်ကိုပြန်လာတတ်သည်။ဂျောင်ကုကိုလည်း စကားမပြော။မသိကျိုးကျွံပြုကာ သူလုပ်စရာရှိတာကို လုပ်သည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now