"ဒါက ဘာကြီးတုန်း?! မင်းက လူတွေရဲ့အတွင်းခံကိုတောင် လိုက်စုတယ်ပေါ့? မိုက်မဲလိုက်တာကွာ! ဒါက ရွှေနဲ့လုပ်ထားတာကြောင့်မို့လို့ ဒါလေးယူချင်တာနဲ့ပဲ သူ့အကျီကို ချွတ်ခဲ့တာလား?!"

ဝမ်ဖုန်းကျင် ခဏလောက် အသံတိတ်သွားပြီးမှ ပြောလာတယ် "ရှောင်းမျယ် ဒါက ရွှေနဲ့လုပ်ထားတဲ့ အပေါ့စားချပ်ဝတ်တန်ဆာပါ"

ဝမ်ရှောင်းမျယ် "..."

ရွှေ... ရွှေနဲ့လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ? ကျည်ဆန်တွေ၊ ဓားတွေကိုတောင် ခံနိုင်တဲ့ထိပ်တန်းထူးခြားတဲ့ ချပ်ဝတ်တန်ဆာလား? သူ အကျီလေးကိုခေါက်ကာ သူ့ရဲ့အိတ်လေးထဲ ပေါင်းထည့်လိုက်တယ်။

'ခိ ခိခိ ငါ သိမ်းတယ်'

အတော်လေးအရှက်သည်းတဲ့ ဝမ်ရှောင်းမျယ်က ရတနာတွေကြား ခွေးကူးလေးဆက်လက်ကူးနေတယ် "အိုက်ယား ပစ္စည်းကောင်းတွေနဲ့ လက်နက်တွေ အများကြီးပါလားနော်၊ သီးသန့်အခန်းတစ်ခုထဲမှာ ဘာလို့ သက်သက်စီ မထားရတာလဲ? အခု သာမန်ကျောက်မျက်ရတနာတွေနဲ့အတူ ရောနေတော့ ငါတို့ လှန်လှောရှာနေရပြီ"

ဝမ်ဖုန်းကျင် သူ့နှဖူးကိုတောက်ကာ သက်ပြင်းချလိုက်တယ် "ရှောင်းမျယ်..."

"အာ?" ဝမ်ရှောင်းမျယ် သူ့ကို အရောင်လဲ့နေတဲ့ ပါပီမျက်လုံးလေးတွေနဲ့ ကြည့်လိုက်တယ်။

"လက်နက်တင်ဖို့သုံးတာကို အဝတ်ချိတ်ပစ်လိုက်တာက မင်းပဲဆိုတာကို မေ့သွားပြီလား? လက်နက်ထားတဲ့ သိုလှောင်ခန်းကိုတောင်မှ အဝတ်အခြောက်ခံတဲ့အခန်းအဖြစ် ပြောင်းလိုက်သေးတယ်လေ" ဝမ်ဖုန်းကျင် ခေါင်းငုံ့ပြီး သူ့ကိုကြည့်လိုက်တယ် "ဒီလက်နက်တွေက မင်းရဲ့တောင်းဆိုချက်အတိုင်း မုယီလာပစ်ပေးထားတာ..."

"..."

သူ့ရဲ့ယခင်က အပြုအမူကို ဝမ်ရှောင်းမျယ် သတိရသွားပြီး အနည်းငယ်နောင်တရမိတယ်။ သူ ဝမ်ဖုန်းကျင်ကို စပ်ဖြဲဖြဲနဲ့ကြည့်လိုက်တယ်။

"ငါလုပ်ခဲ့တယ်လေ! အဲ့တော့ ဘာဖြစ်လဲ? မင်းက ငါ့အပေါ် ရက်စက်တော့မှာလား?! Wan Wan Wan!!!" နောင်တမရသလိုမျိုး သူ့ရဲ့ အထက်စီးဆန်ကာ ကြမ်းရမ်းတဲ့ကိုယ်နေဟန်ထားက ဝမ်ဘော့စ်ကြီးကိုတောင် ကလိကလိဖြစ်စေတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now