Arc(5.1) Zhou Wei Feng

Start from the beginning
                                    

ဒီကမ္ဘာ၏ ဇာတ်လိုက်သည် ပိုင်ဝူရိဆိုသည့် ယွီချွမ်ပြည်ထောင်စု၏ အရှင်သခင်ဖြစ်သည်။ ဇာတ်လိုက်မကတော့ မိဖုရား ကျန်းလင်းယွဲ့ ဖြစ်သည်။

ပိုင်ဝူရိသည် ပြုံးရယ်တာရှားပါးပြီး ရက်စက်သည့် နှလုံးသားမရှိအသည်းမာသူဧကရာဇ်တစ်ပါးဖြစ်သည်။

ဇာတ်လိုက်မသည် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်ပြီး မိန်းကလေးတစ်ဦး၏ အလှအပတို့နှင့်လည်းပြည့်စုံသည်။
စစ်သူကြီးတစ်ဦးလိုတော်ပြီးထက်မြက်သည့် သူမ၏ အေးစက်စက်နဲ့ တည်ငြိမ်ပုံကြောင့် ပိုင်ဝူရိက သတိထားမိခဲ့တာဖြစ်သည်။ သူမကို အမတ်တွေရဲ့တိုက်တွန်းမှုကြောင့် လက်ဆက်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ချစ်မိသွားခဲ့သည်။
ဇာတ်လိုက်မကလည်း သူမအပေါ်မှာ ချစ်ပေးဂရုစိုက်ပေးခဲ့သည့် ပိုင်ဝူရိကို မြင်မြင်ချင်း ချစ်မိခဲ့သည်ဖြစ်ရာ ဇာတ်လမ်းလေးက သာသာယာယာနဲ့ ဟက်ပီးအန်းဒင်းလေးဖြစ်သွားခဲ့သည်။

ယခု ရှောင်းကျန့်၏ ခန္ဓာကိုယ်ပိုင်ရှင်က ရှယွီထန်ရဲ့ အိမ်ရှေ့စံ ကျိုးဝေ့ဖုန်း ဖြစ်ပြီး မကြာသေးခင်ကမှ ယွီချွမ်ပြည်ထောင်စု၏ ဧကရာဇ် ပိုင်ဝူရိ၏ ကိုယ်လုပ်တော် ဖြစ်ခဲ့ရသည်။
ရှယွီထန်ပြည်တော်ကိုသိမ်းပိုက်ကာ တစ်မိသားစုလုံး သတ်ပြီး မာနကြီးပါသည်ဆိုသည့် ပြည်တော်၏ အချောဆုံးအမျိုးသားဖြစ်သည့် အိမ်ရှေ့စံ ကျိုးဝေ့ဖုန်းကို ပိုင်ဝူရိက မသတ်ဘဲချန်ထားပြီး သူ့၏ ကိုယ်လုပ်တော် အဖြစ် သိမ်းပိုက်ခဲ့တာဖြစ်သည် ။

ကျိုးဝေ့ဖုန်းသည် ပိုင်ဝူရိကိုမြင်ကတည်းက ကြောက်ရွံ့မုန်းတီးခဲ့တာဖြစ်သည်။

သူ၏ ဘဝကို အနောက်ဆောင်ဖြစ်သည့်မောင်းမများစွာ၏ အတင်းအဖျင်းပြောပြိုင်ဆိုင်ကြသည့် ပတ်ဝန်းကျင်ထဲမှာ အဆောင်တစ်ခုနဲ့နေစေသည်။

မတော်တဆဖြစ်ကာ ကျိုးဝေ့ဖုန်း မျက်လုံးတွေကွယ်ပြီးနောက် အားလုံးသော မိဖုရားမောင်းမတွေ၏ အနိုမ်ခံဖြစ်လာရသည်။ အစေခံတွေကလည်း နဂိုကတည်းက သူ့အားမကြည်ဖြူသည့်အတွက် မျက်စိကွယ်သွားချိန်မှာ အစားတောင်ပုံမှန်မကျွေးကြတော့ပေ။

Peculiarly System [Completed ]Where stories live. Discover now