ပြောပြီး ygခြေထောက်နဲ့ညှိနေတဲ့ကြိုးကိုဆွဲဖြုတ်လိုက်တာကြောင့် မြေကြီးပေါ်ကို ခေါင်းနဲ့သွားကျသည်။

Yg: အ💢

ပြီးတာနဲ့ မြွေကြီးကသူ့ကို သူ့ခန္ဓာကိုယ်နဲ့ရစ်ပတ်လိုက်ပြီး သူ့အသိုက်ဆီကိုခေါ်သွားတယ်။

အခုဆိုရင် မြွေကြီးက အသိုက်ထဲမှာ သူ့ကိုအထပ်ထပ်ရစ်ပတ်ထားပြီး အိပ်မောကျနေပြီ။ yg မှာ ထလည်းမထရဲ၊ ကုန်ကုန်ပြောရရင်လှုပ်တောင်မလှုပ်ရဲချေ။

Yg: ထယ်ထယ်...ထယ်ထယ်....

Tt: he...he...😁😁 host

Yg: ငါ့ကို ဇာတ်ကြောင်းလေးပို့ပေးတော့လေ

Tt: ပို့လိုက်ပါပြီ။

ဒီကမ္ဘာက ကျင့်ကြံခြင်းနဲ့ဆိုင်တဲ့ ကမ္ဘာတစ်ခု။ပြောရရင် ပါရမီရင့်သန်ပြီး ကျင့်ကြံအားကောင်းမယ်ဆို အထက်ဘုံကိုအလွယ်လေးတက်လို့ရတယ်။ရိုးရိုးသာမန်လူတွေကတော့ ကျင့်ကြံနိုင်စွမ်းမရှိတာကြောင့် ကျင့်ကြံသူတွေကို လေးစားကြ၏။ ကျင့်ကြံခြင်းအဆင့်တွေမှာ

နတ်ဘုရားအဆင့်
ကောင်းကင်ဘုံအဆင့်
မြေကမ္ဘာအဆင့်
သာမန်အဆင့်
အောက်ဆုံးအဆင့်

ဆိုပြီးအဆင့်တွေခွဲထားသည်။ ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ကောင်းကင်ဘုံအဆင့်ဖြစ်ပြီး မကြာခင်နတ်ဘုရားအဆင့်တက်လှမ်းနိုင်တော့မယ့် ခွန်းလွန်တောင်ဆရာသခင် ကျန်းစုရှီ ။ ဇာတ်လိုက်မကတော့ အောက်ဆုံးအဆင့်က သာမန်နတ်ဆေးဆရာမလေး ဖန်ရှုရင် ပင်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံကတော့ တစ်နေ့ဇာတ်လိုက်ကျင့်ကြံနေရင်း ကျင့်ကြံရေးလမ်းစဥ်ဖောက်သွားပြီး ဒဏ်ရာရကာ မေ့လဲသွားတာကို ဇာတ်လိုက်မက ကယ်တင်ပြီးဆေးကုပေး။ ဇာတ်လိုက်ကြီးကကျေးဇူးတင် ဇာတ်လိုက်မကိုသူနဲ့အတူတောင်ပေါ်ကိုခေါ်သွား။ နောက်ဆုံးတစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေရှိပြီး နတ်ဘုရားအဆင့်ကို အတူတကွတက်လှမ်းသွားကြသည်။

Yg: ဇာတ်လမ်းက ဟာကွက်တွေအများကြီး။ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတောင်သူ့ဟာသူမကုနိုင်လို့မေ့လဲသွားတာကို။ဇာတ်လိုက်မက ဘယ်လိုကယ်တင်လိုက်တာလဲ။စဥ်းစားလို့တောင်မရဘူး။

System 13 (season 2 ) (Completed)Donde viven las historias. Descúbrelo ahora