ထိုချိန်၌ သူတို့အိမ်ကကား ခြံ၀န်းထဲသို့ ၀င်လာသည်။
ရဲခေါင်သည် အရပ်ပိုရှည်လာ၍ ပို၍ပင် ချောမောလာပါသည်။
"ကြည့်ပါဦး ကိုကိုရယ် ပိန်သွားလိုက်တာ ။ စာတွေ ခက်လို့လားဟင်။ အသားကတော့ ပိုဖြူလာတယ်"
သော်တာ၏ စကားများက တရစပ်
ထွက်ပေါ်လာနေ၏။ရဲခေါင်ထွဋ်တင်သည် သဘောကျစွာ ခပ်ဟဟ ရယ်မောလေသည်။
"သော်တာရယ် ဖြေးဖြေးမေးပါ။
ကိုကိုနဲ့ မတွေ့ရတာ တစ်ပတ်ပဲကို"ပြုံးရယ်နေသော သော်တာနှင့် ရဲခေါင်ကို ပြုံး၍ မကြည့်နိုင်သူက ခြူးမေခင်။
ကိုကိုလာရင် ငါပြောမလို့ လုပ်ထားတာတွေ အကုန် မမသော်တာက ပြောလိုက်တော့ ငါ ဘာပြောရပါ့မလဲ။
ရဲခေါင် လက်ကို ချိတ်ပြီး "ကိုကိုပေးထားတဲ့ စာအုပ်တွေ အကုန်ဖတ်ပြီးပြီ ကိုကိုရ"
လို့ ချွဲရန် ကြံစည်ထားသော သူမမှာ
ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ရတော့သည်။အိမ်နောက်ဘေး မန်းကျည်းပင်ကြီးများသည်သာ သူမ၏ ခိုလှုံရာ။
လက်ထဲက ကိုကို၀ယ်ပေးထားသော
ပုံပြင်စာအုပ်လေးကို ကြည့်၍ ၀မ်းနည်းလာပါလေ၏။ကိုကိုက ငါ့ကိုကိုလေ။ ငါ့ကိုကို ကို လာလုနေတဲ့ မမသော်တာကို မကြိုက်ဘူး။
ဟီး ။**
ရဲခေါင်တို့က အိမ်ထဲ ၀င်လာကြသည်။
"နုခေါင် ခြူးလေးရော"
"ခုနက အနားမှာ ရှိတယ် ကိုကို။ ကျွန်တော် သွားရှာလိုက်မယ်"
"နေနေ ကိုကို သွားလိုက်မယ်။ သော်တာ ထိုင်ဦးနော်"
"ဟုတ်ကဲ့"
ရဲခေါင် အိမ်နောက်ဘေးသို့ ဆင်းလာခဲ့သည်။
"ခြူးလေးရေ ဘယ်မှာလဲ ဒီမှာကိုကို့ဆီမှာ ဘာပါလဲ လာကြည့်စမ်း"
ထိုအခါမှကလေးတစ်ကိုယ်စာ အသာကွယ်နိုင်သော မန်းကျည်းပင်ကြီးနောက်မှ
ခြူးမေခင် ထွက်လာပါသည်။ကိုကို့လက်ထဲမှာက ရောင်စုံခြယ် အရုပ်များဖြင့် ရုပ်ပြစာအုပ်လေး။
သူမ ပျော်သွားသည်။"ဟော ခြူးလေးက ကိုကို့ကို ပုန်းနေတာပေါ့ ဟုတ်လား။ ဒီမှာ ဘာလေးလဲ"
"ခြူးလေးဖို့လား"
"ဒါပေါ့ နုခေါင်က ဒါမျိုးတွေမှမဖတ်တာ စာဖတ်တဲ့ ခြူးလေးဖို့ ကိုကို လမ်းမှာ ၀ယ်လာခဲ့တာ"
"ဟီးဟီး စာအုပ်လေးက လှလိုက်တာ"
ရောင်စုံခြယ်ပန်းပွင့်လေးများဖြင့် စာအုပ်ကို တစိမ့်စိမ့်
ကြည့်၍ ပျော်နေသော ကလေးမလေးကို ကြည့်ကာ သူ ကြည်နူးမိသည်။အငယ်ကောင် နုခေါင်ဆိုတာဟာ စာဖတ်ဖို့ ဝေးစွ။ သူ့အခန်းကိုတောင် စာအုပ်နံ့သည် ဆို၍ ၀င်မလာတတ်ပေ။
ဒီကောင်မလေးသည်သာ သူကဲ့သို့
စာအုပ်များကို ချစ်တတ်၍
စာအုပ်များ ၀ယ်လာပေးရသည်မှာ သူ့အတွက်တော့ ပျော်စရာပင်။"ကဲ ခြူးကလေး"
"ရှင် "
"ကိုကိုပြန်တော့မယ်
ကျောင်းစာလည်းကြည့်ဦးနော်""ဟုတ်ကဲ့ပါ ဟီးဟီး"
နှင်းဆီရောင် ဖြန်းသော ပါးဖောင်းဖောင်းလေးများဖြင့် ပြုံးပြနေသော
ကလေးမလေးမှာ ရဲခေါင်ထွဋ်တင်
သိပ်ချစ်ရသော ညီမလေးဖြစ်ပါလေ၏။