"ဟေးရင် ''

ယခုအချိန်ထိ လှည့်ကြည့်မလာသေးသည့် ဟေးရင်ကို ထပ်မံ၍ ခေါ်လိုက်ပြီးလက်ကိုပါ ဖမ်းဆုပ်ကာ ထိုသူမ၏  ကျောပြင်ကိုငေးကြည့်နေမိသည်။

"ဟာမင်ယောင်း ဘာကိစ္စရှိလို့လဲ ''

"ဟေးရင် ကိုယ်တို့ ပြန်ပြီး တွဲကြမလား''

"ဟင်?''

ဟေးရင်က အံ့သြစွာ လှည့်ကြည့်ပြီး ဟာမင်ယောင်း ကို စူးစမ်းသည်။

"ကိုယ် တကယ်ပြောတာ ကိုယ်တို့ အစကနေပြန်စကြရအောင် ''

"တကယ်ပြောနေတာလား မင်ယောင်း ''

မင်ယောင်းက ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး ဟေးရင်၏ ပါးလျသောကိုယ်လုံးလေးကိုဖက်လိုက်သည်။

"မင်ယောင်း အရင်က ကိစ္စတွေအတွက် တောင်းပန်ပါတယ် ''

"မလိုပါဘူး မင်းက ကိုယ့်ကို ချစ်လို့ပဲ လေ ကိုယ်အပြစ်မတင်တော့ပါဘူး ဂျွန်ဆန်းကလည်း နားလည်ပေးတယ် ''

"မင်ယောင်း ကျေးဇူးပါ ''

တရှုံ့ရှုံ့လုပ်ကာ ရှိုက်ငိုနေတဲ့ ဟေးရင်က သူမတို့ အခုလမ်းဘေးမှာဆိုတာကိုမေ့နေပုံရသည်။

"ဟင့်အင်း မင်းသာကိုယ့်ကိုချစ်ပေးပါ ဟေးရင် ''

"အင်း အင်း ''

မင်ယောင်းက အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့သည်။ သူ့အတွက် ဂျွန်ဆန်းက အရေးကြီးသလိုခံစားရပေမယ့် ဂျွန်ဆန်းက သူ့ကို မလိုအပ်ပေ။ သူ့ကို လိုအပ်နေတဲ့ ဟေးရင်အတွက် သူက ဖြစ်တည်မှုတစ်ခုအဖြစ်လက်ခံခဲ့သည်။ ဟေးရင်က လက်ခံရင် ဟေးရင်အနားမှာရှိနေပေးဖို့ သူဆုံးဖြတ်ခဲ့သည်။

................

"ဘတ်ဒုံဆူ အလုပ်ချိန်ကြီး ဘာလို့ရောက်လာတာလဲ ခင်ဗျားပြောတော့ နောက်ကျမယ်ဆို ''

ရုံးခန်းထဲကို ဝင်လာသည့် အိမ်သားကြီးအား မျက်ခုံးအစုံကို တွန့်ချိုးလျက် မေးလိုက်သည် ။ ဆောဂျွန်ဆန်းရဲ့ ဖြစ်ပျက်နေတဲ့မျက်နှာထားကို ကြည့်ကာ ဒုံဆူက အသည်းယားစွာပင် ပြန်လည်ချေပသည်။

Peculiarly System [Completed ]Where stories live. Discover now