Chapter Eleven: : Love Lessons of Ma Han Ni ( Part - 1 )

Start from the beginning
                                    

“အော်....”

“သားအိပ်ယာကို အရှေ့ခန်းထဲရွေ့ပေးထားတယ်.....နှစ်ရက်သုံးရက်ပဲ သည်းခံလိုက်”

“သားက ကိစ္စမရှိပါဖူး...အဲအမေ့ သားကုတင်အပေါ်နားလေးမှာလည်း ရေယိုတဲ့အပေါက် ရှိတယ်နော်...”

“အင်း....မနေ့က သားအဖိုးက ပြန်ဖာပေးထားတယ်ပြောတာပဲ ၊ လိုလိုပိုပို ခြင်ထောင်ပေါ် ပလက်စတစ် ခံထားလိုက်မယ်”

“ဟုတ်....အမေ”

 
သန့်ဇင်တို့ သားအမိနှစ်ယောက် စကားပြောနေသခိုက် အောက်ထပ်က မဟန်နီရဲ့ အော်သံကို ကြားလိုက်ရသည်။

“အမကြီး....သန့်ဇင်....ဘယ်သူရှိလဲ.....သမီးရောက်ပြီနော်”

“ညီမရေ...အမတို့အပေါ်ထပ်မှာ တက်လာခဲ့လိုက်”

“အော်....ဟုတ်ကဲ့ အမ”

မဟန်နီသည် အောက်ထပ်ကနေအပေါ်သို့တက်လာပြီး အခန်းထဲသို့ တစ်ကိုယ်ရည်စာ အထုတ်အပိုးအိတ်နှင့် ဝင်လာသည်။

အိပ်ယာပြင်ပေးနေသော သားအမိ နှစ်ယောက်ကို တွေ့တော့......

“အမကြီးရယ်....အားနာစရာကြီး ၊ သမီးဘာသာ ခေါင်းအုံးစွပ်လိုက်မယ်....ပေး ပေး”

“အဲ့တာဆိုလည်း လုပ်လိုက်တော့နော်....ငါအောက်ထပ်ဆင်းတော့မယ် ၊ ညနေစာအတွက် ဟင်းပြန်နွေးဖို့ရှိသေးလို့”

“ဟုတ်ကဲ့”

“အဲ့တာဆိုသွားပြီ.....သားလည်း ခြေလက်ဆေး အဝတ်အစားလဲပြီးရင် ထမင်းစားဖို့ လာခဲ့လိုက်တော့နော်”

“ဟုတ်...အမေ”

“မောင်လေး...သန့်ဇင်...မတွေ့တာတောင်ကြာပြီနော် ၊ အရပ်ကြီးအတင်းရှည်သွားသလိုပဲ..... အေးပေါ့လေ ဒီအရွယ်က ထွားတဲ့အရွယ်ကို....စာရောလိုက်နိုင်လား”

“ဟုတ်....အခုထိတော့လိုက်နိုင်ပါသေးတယ်...ဟဲဟဲ”

“အင်း....မောင်လေး အခုမှကျူရှင်ကပြန်လာတာမလား ၊ ခြေထောက်လက်သွားဆေးတော့... သွား...အမပဲလုပ်လိုက်တော့မယ်”

“ရတယ်အမ...ပြီးပြီ....ထမင်းစားခဲ့ပြီလား”

“ဟင့်အင်း...မစားရသေးဖူး”

When we were young Where stories live. Discover now