Chapter Ten: : ဖိုက်တင်ပလေးပွဲ

Start from the beginning
                                    

သန့်ဇင်ကိုလည်း သက်ပြင်းတစ်ခုချကာ လွယ်အိတ်ထဲတွင် ခေါက်ထည့်ထားသည့် ပလက်စတစ်မိုးကာကို ဖြန့်ခြုံလိုက်ပြီး စက်ဘီးနင်းကာ ကျောင်းသို့ထွက်လာခဲ့လိုက်သည်။


ကျောင်းကိုရောက်တော့ ၈နာရီခွဲနေပြီဖြစ်သော်လည်း မိုးရွာနေသဖြင့်  ဘယ်သူမှကျောင်းသို့ မရောက်ကြသေးချေ ။

သန့်ဇင်ကိုလည်း အအေးမမိစေရန်အတွက် အောက်ပိုင်းရေစိုနေသော ကျောင်းစိမ်းပုဆိုးကို အပိုဆောင်ထားသည့် တစ်ကွင်းနှင့် လဲဝတ်လိုက်သည် ။

နောက်ပြီး ရေစိုနေသည့် မိုးကာကြီးကိုတော့ အခန်းရှေ့က ဝရံတာ လက်တန်းပေါ်တွင် ရေလှန်းထား လိုက်သည် ။

မိုးကာခြောက်လျင် သေချာပြန်ခေါက်ထည့်ပြီး သိမ်းဆည်းရလေအုံးမည် ၊ ဒါကလည်း သူမိုးရာသီကိုမုန်းရသည့် အကြောင်းပြချက်တွေထဲက တစ်ချက်ပင်..........


ကျောင်းတက်ချိန်နီးလာသော်လည်း မိုးကတော့ တဖွဲဖွဲရွာချ၍ကောင်းနေဆဲ.......

တချို့ ကျောင်းသားများက သန့်ဇင်လိုမိုးကာကြီးတဖားဖားနှင့် ရောက်လာကြသည် ။

တချို့ကတော့ အိမ်ကကား( သို့မဟုတ် ) ဖယ်ရီနှင့်လာကြသဖြင့် ထီးလေးကိုဆောင်းပြီး ကျောင်းဝန်းထဲသို့ ဝင်လာကြလေသည် ။

ထိုမြင်ကွင်းကို သန့်ဇင်ကိုက အခန်းအပြင်ရှိ ဝရံတာကိုမှီပြီး ငေးကြည့်နေမိသည်......

တံစက်မှိတ်မှ တစ်ပေါက်ချင်းကျလာသည့် မိုးရေစက်များကို အကြောင်းပြချက်မရှိ လက်ဖြင့်ဆော့ကစားနေမိသည်။

ထိုအချိန် ကျောင်းအပေါက်ဝတွင် အိမ်စီးကားအဖြူရောင်လေးတစ်စီး ထိုးရပ်သွားသည်ကို  မြင်တွေ့လိုက်ရသဖြင့်  သန့်ဇင်ကိုတစ်ယောက် ပါးစပ်က အလိုလို ပြုံးမိသွားသည်။

ထိုကားဖြူကလေးထဲကနေ သူမျှော်နေသော အိမ့်မျက်ချယ်တစ်ယောက် ထွက်လာလေသည် ၊မိုးကအေးတော့ ချမ်းနေသည်ထင့်......

ကျောင်းဖြူပေါ်တွင် အဝါရောင်အပေါ်ထပ်အင်္ကျီကို ဝတ်ထားလေသည်...ကားတံခါးဖွင့်ကာ သူမအမေနှင့်စကားပြောပြီး ထီးလေးတစ်ချောင်းနှင့် ကျောင်းထဲသို့ဝင်လာသည်ကို ငေးကြည့်နေမိသည် ။

When we were young Where stories live. Discover now