8▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-2»»»

Start from the beginning
                                    

အချစ်ကလူကိုမျက်ကန်းဖြစ်စေသည်...။

" ​တောက်ခ်! တကယ်ပါပဲ လူတွေကလည်းကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပဲမဟုတ်တာတွေလိုက်ပြောနေတယ် "

" ကိုကိုဘာဖြစ်လာတာလဲ "

ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့အိမ်ထဲကိုပွစိပွစိလုပ်ပြီးဝင်လာတဲ့ဂျောင်းကုကိုသူမမေးလိုက်တော့...

" ဟိုမှာလေလမ်းထဲကလူတွေကိုယ့်ထမင်းကိုယ်စားပြီးအေးဆေးမနေနိုင်ကြလို့ "

" ဘာပြောလိုက်လို့လဲ "

" ဘေဘီ​​ကနေ့တိုင်းကောင်လေးတစ်ယောက်နဲ့အမြဲပြန်လာတယ်တဲ့လေ တကယ်ပါပဲ ပေါက်တက်ကရတွေ... "

ဂျောင်းဂုပြောတဲ့စကားကြောင့်သူမတကယ်လန့်သွားမိသည်။

" ဘေဘီ ကိုယ်နောက်နေ့တွေကျောင်းလာကြိုလို့ရမလား "

" ဟာ ကိုကလည်းအလုပ်ပျက်ပါတယ် မလာနဲ့ ဘာလဲ ပတ်ဝန်းကျင်ကပြောတာတွေကို ကိုကယုံနေတာလား ၊ လူကိုများမယုံတဲ့ပုံနဲ့...သူတို့ပြောတာကိုယုံရင်သူတို့နဲ့သာသွားနေ နာအွန်းနဲ့လာမနေနဲ့ "

" မဟုတ်ပါဘူးဘေဘီရယ် ကိုကသူတို့ပြောတာမခံချင်လို့ပါ နာအွန်းကိုကိုယ်ယုံတာပေါ့ "

တစ်ခုခုဆိုနှုတ်ခမ်းကိုချက်ချင်းဆူလိုက်တဲ့သူမအကျင့်လေးကသူ့ကိုအချစ်ပိုစေသည်။ဒါကိုသူမအသိဆုံး...။

" ဘေဘီရယ်စိတ်မဆိုးပါနဲ့ကွာ ကိုယ်ကျောင်းလာမကြိုနဲ့ဆိုမလာတော့ဘူးနော် ဘေဘီ့ကိုကိုယ်ယုံပါတယ် "

" ဘေဘီက ကိုကိုအလုပ်တွေလည်းလုပ်ရကျောင်းလည်းလာကြိုရရင် ပင်ပန်းနေမှာစိုးလို့ပါ ခွေးဟောင်တိုင်ထမကြည့်ပါနဲ့ ကိုကိုအိပ်ရေးပျက်မယ် "

ရင်ခွင်ထဲအတင်းတိုးဝင်လာပြီး လူကိုကပ်ချွဲနေတာ ခုနကနှုတ်ခမ်း​တထော်ထော်နဲ့ရန်တွေ့နေတဲ့သူမဟုတ်တဲ့အတိုင်း။

" Aigoo...လိမ်မာလိုက်တဲ့ကလေးလေး...ဒါကြောင့်ကိုကိုကချစ်နေရတာ... ဒါကိုများလူတွေကမနာလိုဖြစ်နေကြတာ ကိုကို့ကလေးလေးဆိုအပြစ်ပြောမယ်ဆိုတာချည်းပဲ..."

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now