"ဟုတ်ကဲ့ မမလေး"

"ပြစမ်း"

"လီမင်နဲ့ချွဲဂျွန်ဟို သွေးသားတူညီမှု  0%"

"ဒါက ဘယ်လိုဖြစ်တာလဲ ကလေးကနင်နဲ့ငါ့ သားဆိုတာသေချာနေတာလေ"

"ဆေးစစ်ချက်ကတော့ မမှားဘူး မမလေး"

"လီမင် အကိုနဲ့သား ကိုDNA  ထပ်စစ်ပေး"

"အကိုလေးနဲ့ သားလေးက ဘာဆိုင်လို့လဲ "

"မသိဘူးး သားက အကို့ကို ခင်တွယ်လွန်းတယ် ရုပ်ရည်ကလဲတူနေတယ်"

"မမလေး သဘောကျ အမြဲလုပ်ပေးပါ့မယ်"

"ဒါမို့ နင်က ငါ့အတွက် အရေးပါနေတာ အားကိုးရတယ် ပြွတ်"
'လီမင်နဲ့ဆိုးရာသည် ကားပေါ်မှာ ဖြစ်ချင်သလိုဖြစ်နေကြသည် ယခုလဲ ဆိုးရာစိတ်ထဲ ဟိုလေးအပေါ် သံသယဖြစ်လို့ ဆေးစစ်ကြည့်တာဖြစ်သည် လီမင်နဲ့ကတော့ shoppingဆိုပြီး ထွက်လာပြီး ထင်တိုင်းကြဲနေတာဖြစ်သည်'

တခြားဘက်;
*ဘယ်လို  ဇာတ်လိုက်မက သူ့ကိုယ်ရံတော်နဲ့ ပလူးးနေတယ်*

(ဟုတ်တယ် ခခ ဇာတ်လိုက် နွားမှ နွားစစ်စစ်)

*တော်ပါသေးးဇာတ်လိုက်က ငါ့လင် မဟုတ်လို့*

(ဇာတ်လိုက်က ခခ လင်ပဲလေ ဟိုလေးရဲ့အဖေ ခခ လင်လေ)

*တော်စမ်း ငါကမောင့်ကို ပြောတာ မောင်က ဒီကမ္ဘာပါမလာဘူးထင်တယ် လွမ်းလိုက်တာ ငါ့လင်ရယ် ပါလာရင်လဲ ခခဆီ မြန်မြန်လာပါ*

(သနားစရာ)

*ထက်ထက် ဇာတ်လိုက်မတို့ပလူးးနေတာ videoရိုက်ထားလား*

(point 150ပေးရင် ရတယ်)

*ဘာ pointလဲ အရင်ကလဲ အလကား လုပ်ပေးနေတာလေ*

(အဲ့ဒါ ခခကို ထက်ထက်ကချစ်လို့လုပ်ပေးတာအခုမရတော့ဘူး levelကလဲ မြင့်လာပြီ ပေးမှာလားးမပေးဘူးလားး )

*ဇာတ်လိုက်မအကြောင်း ရာစောင့်ကြည့်ပေးရင် ပေးမယ်*

(အိုစကေ ခခနဲ့point 7000ထဲက 150ဖြတ်လိုက်ပြီ )

*အေးပါ ချစ်တီးကုလားးရယ်  မောင်ရေးးးထက်ထက်က အနိုင်ကျင့်တယ် ဘယ်ဆီရောက်နေလဲ လွမ်းတယ်*

Happy System(Completed)Where stories live. Discover now