Chapter Nine: : Thu Thu Han

Start from the beginning
                                    

အငယ်တုန်းကဆို နွေရာသီကျောင်းပိတ်ရက် ဆော့လို့မဝသေး၍ ကျောင်းအပ်ရမည့် အချိန်ရောက်လျင် စိတ်ညစ်ဖွယ်ကောင်းသော်လည်း အခုတော့ ပိတ်ရက်တွင် စာတွေချည်း သင်နေရသဖြင့်  ကျောင်းပြန်ဖွင့်တော့မည်ဆိုသည့် သတင်းမှာ ပျော်စရာအတိဖြစ်နေသည်။
 

ကျောင်းသွားအပ်သော အချိန်တွင်  သန့်ဇင်က သိပ္ပံအတွဲယူပြီး ယခင်နှစ်က ဖြေထားသော အမှတ်စုစုပေါင်းကိုကြည့်​ကာ အတန်းခွဲတော့ အေခန်းသို့ရောက်သွားသဖြင့် အမေဖြစ်သူက တအံ့တသြဖြစ်နေရှာသည် ။

ကျောင်းအပ်ပြီးအပြန် စာရေးကိရိယာဆိုင်ဝင်တော့ အမေက ရေးလို့ကောင်းသည့် စာအုပ်အကောင်းစားတစ်ဒါဇင်ကို ဆုချသည့်အနေဖြင့် ဝယ်ပေးသည်။
 

အရင်နှစ်တွေတုံးကတော့ ကျောင်းကရသည့် အစိမ်းရောင်အဖုံးနှင့် ဗလာစာအုပ်ကိုသာ ထည်လဲသုံးခဲ့ရသည်........

ငယ်စဥ်က စာအုပ်အချောအကောင်းစား မက်မောခဲ့သော်လည်း ကြီးလာတော့ မချောမကြမ်းစာရွက်အသားကိုပဲ ကြိုက်နှစ်သက်လေ တော့သည် ၊ အမေက ဆုအနေနဲ့ဝယ်ပေးတာဆိုတော့ သန့်ဇင်လည်း ဂျီမများနေတော့ပဲ ယူခဲ့လိုက်တော့သည်။
 

June လဆန်းတွင် သန့်ဇင် မျှော်လင့်နေသော အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်း ကြီးပြန်ဖွင့်လေပြီ......ကမ္ဘာပေါ်တွင် ကျောင်းပြန်ဖွင့်သောကြောင့် အပျော်ဆုံးဖြစ်နေသည့် လူသားမှာ သန့်ဇင်ကိုပင်။

မနက်ကျူရှင်ချိန် ၇နာရီခွဲအပြီး အိမ်ကိုအပြေးပြန်... ........ရေချိုးအဝတ်အစားလဲကာ ကျောင်းသို့စောစောထွက်ခဲ့သဖြင့် ၈နာရီ၁၅မိနစ်ခန့်တွင် ကျောင်းသို့ ရောက်နေလေပြီ။

သူတက်ရမည့် အခန်းကိုအရင်ရှာပြီး အနောက်တန်း တစ်နေရာတွင် ကျောပိုးအိတ်ကိုထားခဲ့ပြီး မရောက်တာကြာပြီဖြစ်တဲ့ ကျောင်းဝန်းထဲသို့ လျောက်သွားကြည့်လေသည်။
 

ချစ်ရတဲ့ ကျောင်းတော်ကြီးက သူငယ်စဥ်ကတုန်းကအတိုင်း ဘာမှသိပ်မပြောင်းလဲသေး...... ကျောင်းသုံးလပိတ်ထား၍ တချို့နေရာများတွင် သစ်ရွက်ခြောက်များနှင့် ဖုန်များနေသည်က လွဲ၍ အရာရာဟာ အရင်ကအတိုင်း.....

When we were young Where stories live. Discover now