( ဟဲ့ ဟဲ့ ငါ့အနာဂတ် ခင်ပွန်းလောင်းလေးကို ဘာတွေ ဝတ်ပေးနေတာလဲ 🙂)

" ရတာပေါ့ အချစ်ရဲ့.... "

Z အသဲယားပြီး ပါးအိအိလေးတွေကို နှုတ်ခမ်းဖြင့် အသာ စွဲ ငုံကာ....သူလေးကတော့ Z အပြောကို ဘာတွေစဥ်းစားနေလဲမသိ.....

" အွင်..... သားသားက မသိဘဲ နှမြောနေတာ Daddyရဲ့.... "

တော်သေးတာပေါ့ ဆိုတဲ့ ပုံစံနဲ့ သူ့ရင်ဘက်ကလေး ကို သူ့ဟာသူ ဖိရင်း ပြေလျော့နေတာ..... ဘာကောင်လေးနဲ့ တူလို့ တူမှန်းမသိ.... တကယ့် အသဲ ယားစရာ......

" ဒါနဲ့ Daddy ... အပင်ပေါက်လေးကို ဘာကောင်လေး လို့ခေါ်ရင် ကောင်းမလဲဟင် ? "

သူပြောချင်တာ နာမည်ဘယ်လိုလေး ပေးရင် ကောင်းမလဲပေါ့....

" အချစ်က ဘယ်လိုခေါ်ချင်လို့လဲ... "

အချစ် စိတ်ချမ်းသာ သလိုပေး.... ကိုယ်က အချစ်ကို ကလိ ရရင် ကျေနပ်ပြီ.....

Z သူ့Babe ကို ဖတ်ထားရင်း ဆံပင်လေးတွေ နမ်းလိုက်.... လက်သေးသေးလေးတွေကို အသဲယားပြီး နမ်းလိုက်....နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတာ....

" အင်~~~~ သားသားက~~~ သားသားက အပင်ပေါက်လေးကို Z9ကမ္ဘာတည်(Zနိုင်းကမ္ဘာတည်) လို့ပေးချင်တယ်... "

( ' Z9ကမ္ဘာတည် ' ဒီလိုရေး ရင်လဲ Zနိုင်းကမ္ဘာတည်လို့ ဘဲ ဖတ်ပေးပါနော်....တော်ကြာ Zကိုးကမ္ဘာတည်တွေ ဘာတွေ မလုပ်ကြနဲ့😆 ကိုယ့်ရဲ့.....မနိုင်စိန်ယုန်ပေါက်တွေအကြောင်းသိနေလို့.... ငါ့နှယ့်😆)

" Z နိုင်း ကမ္ဘာ တည်......"

Z နာမည်တစ်လုံးချင်းဆီကို...သံယောင်လိုက်ကာ.... အသံထွက် မိတယ်...... သူ့Babe လေးပေးထားတဲ့ နာမည်က အဓိပ္ပါယ်အပြည့်အဝရှိတယ်....

ဒီစကြာဝဋ္ဌာ တစ်ခုလုံးမှာ Z ရဲ့ သားဟာ....ကမ္ဘာတည် သရွေ့ အားလုံးရှေ့.... ရှင်ဘုရင်တစ်ပါးဖြစ်စေရမယ်...! နာမည် ကြားလိုက်ရုံနဲ့တင်.... လူသားအားလုံး သူ့ရှေ့မှာ ခစားစေရမဲ့ Zနိုင်းကမ္ဘာတည်....!

" အခုက စပြီး အပင်ပေါက် နာမည်က Z9ကမ္ဘာတည်.... "

နာမည်ပေးတော်တဲ့ ကလေးကို Z ဆုချတဲ့ အနေနဲ့...အနမ်းတွေခြွေနေတာ... ရင်ခွင်ထဲက အကောင်ပေါက်ကတော့.... တခစ်ခစ်နဲ့ ရယ်မောနေတာ....အခန်းလေးထဲ ရီမောသံတွေ ပျံလို့....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now