"ဘေဘီ သတင်းကောင်းကြားရတော့မယ်ထင်တယ် ''

"မင်္ဂလာပိုရှိတာပေါ့ဗျာ ''

ထို့နောက် ဒုံဆူက ဖုန်းကိုပြန်ဖြေလိုက်သည်။
ဖုန်းပြောပြီး နောက် ဒုံဆူက မျက်ခုံးပင့်ကာ ပြုံးပြလိုက်ပြီး

"Baby ကိုယ်တို့ ပါတီလေးကို ဒီအတိုင်းပဲ ထားခဲ့ကြမလား ''

"ခင်ဗျား သဘောပဲ Darling ''

.....

ကားတစ်စီး သည် မြို့ပြရဲ့ ညမီးရောင်တလက်လက်ကြားမှာ အရှိန်ပြင်းပြင်းသွားလာနေခဲ့သည်။

"ခင်ဗျား ဘယ်လိုလုပ်မလဲ ဘတ်ဒုံဆူ ''

"ဘေဘီက စိတ်ဝင်စားတယ်ပေါ့ အေးဆေးပေါ့ မဟုတ်ဘူးလား ''

"အခုထိ ခင်ဗျားက ကျွန်တော့်ကို ပြောမပြသေးဘူးနော် ခင်ဗျားရဲ့ ကလဲ့စားချေရမယ့်သူကို ''

"အင်း မကြာခင်မှာပဲ သိရတော့မှာလေ အခုလည်းသူက ကိုယ့်လက်ထဲမှာ လုံးလုံးလျားလျားရောက်နေပြီ အကောင်လိုက်ချပြဖို့ပဲကျန်တော့တယ်''

..............

Winter ၏ CEO တစ်ယောက်အနေနဲ့ ဂန်အင်ချောတစ်ယောက် ခေါင်းနပန်းကြီးနေရသည်။

သူ့၏ ငွေအလွဲသုံးစားလုပ်မှုတွေကို မီးခိုးကြွက်လျှောက်လိုက်သူတစ်ဦးကြောင့် အရင်က ဥက္ကဋ္ဌဟောင်း ဘတ်အန်းဝူ၏သေဆုံးမှုအထိပါ သူဟာသံသယရှိသူအဖြစ်ထင်မြင်ခံရသည်။

"အပါး မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား''

"ဟေးရင် အပါးတို့ ဒုက္ခရောက်နေပြီ ''

အပြင်ကပြန်လာတဲ့ ဂန်ဟေးရင် က ဖခင်ဖြစ်သူ မျက်နှာမကောင်းတာကြောင့် ဧည့်ခန်းထဲကိုဝင်လာရင်း ဖခင်ဘေးမှာဝင်ထိုင်လိုက်သည်။ ဖခင်ရဲ့ စကားကြောင့် လက်ထဲက ကားသော့ကို လှည့်ကာ ဆော့ကစားနေရင်းမှ ရပ်တန့်ကာ ပြန်မေးလိုက်သည်။

"ဘယ်လိုမျိုးလဲ အပါး ''

" ဒီကိစ္စကို ဘယ်သူစပြီးဖော်ထုတ်မှန်းမသိပေမယ့် အခု အပါးက CEO နေရာကနေ နုတ်ထွက်ရတော့မယ်ထင်တယ် ''

Peculiarly System [Completed ]Where stories live. Discover now