Part(4)

2K 79 8
                                    

Unicode+Zawgyi

🌺ရင်၌ချည်နှောင်သော အတ္တ🌺

         🌸အပိုင်း(၄)🌸

~❤~❤~❤~❤~❤~❤~❤~

"တောက်စ်....သခင်မလေးကသိပ်တော်တယ် ကျွန်တော့်ကိုမယုံရင် ဘာလို့အရယူခဲ့သေးလဲ "

"ပိုင်ဘာတွေပြောနေတာလဲ စာပုံးထဲမှာရှိနေလို့တွေ့ခဲ့တာ ပြီးတော့....."

"တော်ပါတော့သခင်မလေးရယ်...ဆက်ပြီးမပြောပါနဲ့တော့ကျွန်တော် ငအမဟုတ်ဘူး..."

"ပိုင်...."

ဘာလို့....ဘာလို့ ပိုင်က အခုထိမိုးစိတ်ကိုမမြင်နိုင်တာလဲဟင်.... မိုးပြောချင်တာ ပန်းအိမ်ကဘာရည်ရွယ်ချက်နဲ့ပို့တာလဲလို့မေးချင်တာပါ....တခြားရည်ရွယ်ချက်မပါပါဘူး ပိုင်ရယ်...

~~~~~~~~~~~~~~~🌺🌺🌺

"အား ဘာလို့လဲ ဘာလို့လဲကွာ..."

ပိုင်တစ်ယောက် ခဏက သခင်မလေးကို ပြောခဲ့မိတာတွေကို ပြန်တွေးရင်း ရင်ဘက်ကအောင့်လာမိသည်....။

ပြီးတော့ အခု သူသောက်နေတာတွေက တစ်ခါမှမသောက်ဖူးတဲ့ အရက်တွေ....

"ဘာလို့လဲ ဘာလို့ကျွန်တော့ကိုမယုံကြည်တာလဲ ကျွန်တော်လိုချင်တာ သခင်မလေးရဲ့ ယုံကြည်မှုတစ်ခုထဲပါ အရင်က‌နေခုထိ သခင်မလေးက အ မြဲ ကျွန့်တော့်ဘက်က‌တွေးလွန်းတယ်"

"သခင်မလေး တော်တော်အတ္တကြီးတယ်..."

"ပိုင်..."

"ဟင်...ပန်း...ပန်းက ဒီကိုဘာလာလုပ်တာလဲ "

"ပိုင်ရယ် ဘာလို့ အဲ့လောက်တောင် သောက်နေရတာလဲ..."

"ဘာမဟုတ်ဘူး ပန်းလည်းပြန်တော့လေ ကျွန်တော်လည်းပြန်ပြီ..."

"ဟင်...အင်း တစ်ယောက်တည်းရရဲ့လား ပန်းလိုက်ပို့ပေးမယ်"

"တော်ပြီ... ရတယ် အငှားကားခေါ်ထားတယ်"

"အင်း "

ပိုင်က မတ်တပ်အထ ခန္ဓာကိုယ်က ယိုင်ကျသွားတာ‌ကြောင့် ပန်းလှမ်းဆွဲလိုက်သည်။

‌အနောက်ဘက်က ကြည့်ရင် ဖက်ထားသလိုမျိုး။
ဓာတ်ပုံရိုက်တဲ့သူရှိတာကိုတော့ ပိုင်သတိမထားမိလိုက်....

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Where stories live. Discover now