"ဟာ...Kimကလဲဘာကိုလှတာလဲ မလှချင်ပါဖူး"

"အောဟော... ဒါဆိုလည်းသဘော...ကိုယ်က
စတွေ့တုန်းက အာပေတူးလေဆိုရင်တော့
အနားအကပ်မခံဘူးနော်"

"Kim...နော်! ဘာအာပေတူးလဲ...အဲ့တုန်းက
ပိုက်ဆံအိတ်ကခါးပိုက်နှိုက်ခံရတာကို...
ပြီးတော့လည်းညဘက်ကြီးလေ...ငယ်က
ရုတ်တရက်ကြီးလမ်းလယ်မှာတစ်ယောက်တည်း
ဘာ...ဘာလုပ်ရမှန်းမသိတဲ့ဆုံး ငိုချင်လာလို့
ငိုတာနှပ်ချေးထွက်ပြီးအဲ့အာပေတူးကို Kim..
ဘဲရက်ရက်ရောရောကြီးလာခေါ်တာပါနော်"

"အဲ့တုန်းကကိုယ်ထားခဲ့လိုက်ရမှာ...
ငယ်က အခုတော့ကိုယ့်အပြစ်ဖို့နေပြီ"

"အဲ့တော့...Kim‌ေပြာချင်တာ ငယ်က
လူဆိုးပေါ့...ဟုတ်လား"

မျက်မှောင်လေးကြုံ့ကာပြန်ရန်တွေ့နေပါ
သေးတယ် ကိုယ်ကသူ့ကိုလူဆိုးလို့မပြောမိ
ပါဘူးနော်

"ဟောဗျာ...ကိုယ်ကပြောမိလို့လား ငယ့်ဘာသာ
ထင်နေတာပါနော်"

"တော်ပြီ...ဆက်မပြောတော့ဘူး မစနဲ့တော့Kim"

သူတမင်စနေမှန်သိတော့ ရှေ့လှည့်ကာလက်
လေးပိုက်ပြီးနေနေသည်။ သူးလည်းဆက်မစ
တော့ဘဲ မီးစိမ်းမယ့်အချိန်ကိုစောင့်နေလိုက်သည်။

နှုတ်းခမ်းလေးတွေဘဲနှုတ်သီးလေးလိုဆူထော်ရင်း
စကားတွေအများကြီးပြောပြီး ရန်ထောင်နေသော
ကောင်လေးကြောင့်သူရယ်မိသည်။ ဟောဒီကောင်
လေးကဘယ်လိုနေနေ ချစ်ဖို့ကောင်းအောင်နေတတ်
လိုက်တာ။

ဟုတ်သားသူပြောတာလည်း မှန်တယ် ရုံးချုပ်
သွားတုန်းကတစ်ခါဘဲတွေဖူးသေးပေမယ့်
ထိုညကတော့ လမ်းဘေးကာBus stop
လေးမှာကြုံ့ကြုံလေးထိုင်ရင်းတစ်ရှုံရှုံငိုနေတဲ့
ကောင်းလေးကိုတွေ့တော့ သူနဲ့တူပါတယ်ဆိုပြီး
ဆင်းကြည့်ချိန်တစ်ကယ်ဟုတ်နေခဲ့တာ

သူခေါ်လိုမော့ကြည့်လာတဲ့ မျက်ရည်စို့နေတဲ့
ခပ်တောက်တောက်မျက်ဝန်းလေးတွေကအဲ့ချိန်
ကအားကိုရသွားသလို ပိုတောက်လာတာကို
မှတ်မိနေသေးသည်။ သူအကြောင်းစုံပြောပြမှ
ပိုက်ဆံအတ်ခါးပိုက်နှိုက်ခံရလို့ Busနဲ့ပြန်
မရပေမယ့် တက္ကဆီကိုစောင့်နေပေမယ့်မလာလို့
ညဉ့်နက်လေလူပါးလာလေမို့ ကြောက်နေသည်တဲ့
အဲ့ဒါနဲ့သူဘဲခေါ်လာရတဲ့အဖြစ်

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now