19

419 82 0
                                    

ZAW

"ချန်းယောလ်လီကို သဘောကျတယ်"

ရှေ့တည့်တည့်ကထိုင်နေတဲ့ ဘတ်ဟျွန်းဆီကထွက်လာတဲ့ စကားကြောင့် သူထိတ်လန့်ပြာပြာဖြစ်သွားတယ်။

"သဘောမကျနဲ့ဘတ်ဟျွန်းနီ "

ဘတ်ဟျွန်းက မျက်မှောင်လေးကျုံ့သွားပြီး မသိမသာ နှုတ်ခမ်းလေး မဆိုသလောက်စူသွားတယ်။

"ဘာလို့လဲ မရပါဘူး ကျွန်တော်ချန်းယောလ်ကို သဘောကျတယ်"

ဟင့်အင်း ဘတ်ဟျွန်းနီ..
မင်းကိုယ့်ကိုသဘောကျလို့မရဘူး။မင်းနာကျင်ရလိမ့်မယ်။
ကိုယ်က တစ်ဖက်သက်ပဲ အချစ်တွေပေးပြီး မင်းကို ပျော်စေချင်တော့တာ ကိုယ်ကိုတော့ သဘောမကျပါနဲ့တော့ မင်းထပ်နာကျင်မှု ကိုယ်မလိုလားဘူး။

"တော်တော့ ဘတ်ဟျွန်းနီ ကိုယ့်ကိုသဘောမကျနဲ့ ကိုယ်ကလူဆိုး"

"တော်ပြီ လူဆိုးဖြစ်လည်း ကျွန်တော်သဘောကျတယ် ချန်းယောလ်လီကိုပဲ သဘောကျမှာ"

ဟောဗျာ။အဆိုးလေးက စကားနားမထောင်ပါလား။
ကိုယ်ပြောတာ မင်းအတွက်ပါ။
ကိုယ့်ကို နောက်ထပ်တစ်ချိန်သဘောမကျစေချင်တော့ပါဘူး။ကိုယ့်ကြောင့်နာကျင်မှုကိုလည်း မကြည့်ရက်နိုင်ပါဘူး။

"မင်းနာကျင်ရလိမ့်မယ် ဘတ်ဟျွန်းနီ"

"မသိဘူး ချန်းယောလ်ကို သဘောကျတယ်ပဲ "

ဂျစ်ကန်ကန်နဲ့ ပြောစကားနားမထောင်တဲ့ ဘတ်ဟျွန်းက ဘယ်လိုမှပြောလို့မရ။
နာကျင်ရမယ်ဆိုရက်တောင် ချန်းယောလ်ကိုပဲ သဘောကျသွားမယ်။

"မဆိုးနဲ့တော့ ဘတ်ဟျွန်းနီ"

"မရဘူး ချန်းယောလ်က ကျွန်တော့ကို ချစ်စကားတွေပြောပြီး ကျွန်တော်ကတော့ရော သဘောမကျရဘူးလား မတရားလိုက်တာ"

ခပ်စွာစွာနဲ့ ဘတ်ဟျွန်းက တစ်ခွန်းမကျန်ပြန်ပြောရင်း အော်တယ်။ချန်းယောလ်သက်ပြင်းကို အသာအယာချလိုက်တယ်။မင်းနာကျင်မှာဆိုးလို့ပါ။

"ဟုတ်တယ် ကိုယ်ကမတရားဘူး အဲ့တော့ ကိုယ်ကိုသဘောမကျနဲ့ ဘတ်ဟျွန်းနီ"

"ချန်းယောလ်ကမကောင်းဘူး"

ငိုသံစွတ်စွတ်နဲ့ ဘတ်ဟျွန်းကပြောပြီးထထွက်သွားတယ်။ဘေးတစ်စောင်းမြင်လိုက်ရတဲ့ လျပ်တစ်ပြတ် မျက်ဝန်းစမှာ မျက်ရည်လေးတွေဝေ့သီနေတာ သတိထားမိပါရဲ့...။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Där berättelser lever. Upptäck nu