Chapter Six: : Beginning of the Destiny

Start from the beginning
                                    

အိပ်ရာနိုးခါစ စိတ်ရှင်းနေသဖြင့် ပထဝီနှင့် သမိုင်း နှစ်ဘာသာမှ အပုဒ်ရှည်နှစ်ပုဒ်စီ ရသွား လေသည်.......

နာရီကိုကြည့်တော့ လေးနာရီခွဲသာရှိသေးသဖြင့် အမေ့ထံမှ မုန့်ဖိုးတောင်းပြီး စာအုပ်ငှားဆိုင်သွားပြီး စာအုပ်ငှားရန်နှင့် ညနေခင်းစက်ဘီးပတ်စီးရန်အတွက် အိမ်ကနေ ထွက်လာခဲ့လိုက်သည်။
 

သန့်ဇင်ကိုတစ်ယောက် သူသွားနေကြ စာအုပ်ဆိုင်ကိုရောက်တော့ ဆိုင်ရှင်အမကြီးက  မြိုင်ရာဇာတွတ်ပီ ကာတွန်းစာအုပ်အသစ်ရောက်ကြောင်းပြော၍ ငှားရမ်းလိုက်သည် ။

ပြီးနောက် စာအုပ်စင်ထဲတွင် ဟိုဒီလျောက်ရှာရင်း  သူမဖတ်ရသေးသည့် စာရေးဆရာ မင်းမြတ်သူရ၏ “ဂျမဒါမင်းထင်” ဝတ္ထုကိုတွေ့တော့ ဆွဲထုတ်ယူပြီး မှတ်ခိုင်းလိုက် လေသည်။

ကာတွန်းစာအုပ်တစ်အုပ်နှင့် ဝတ္ထုတစ်အုပ်ရတော့ စိတ်ကျေနပ်သွားကာ စက်ဘီးစီးပြီး ပြန်ထွက်လာခဲ့သည် ၊ အိမ်ကိုမပြန်ချင်သေးသဖြင့် ရက်ကွက်အနီးတစ်ဝိုက်တွင် ဟိုငေးဒီငေး စက်ဘီးလျောက်စီးရင်း အချိန်ဖြုန်း နေလိုက်သည်။
 

စက်ဘီးစီးလို့ အားရသွားတော့မှ ချယ်ရီလမ်းကနေ သူ့အိမ်ဖက်သို့ ပြန်လှည့်လာခဲ့ လိုက်သည် ။

လမ်းအကွေ့တစ်နေရာ အရောက်တွင် သူ့အရှေ့က ကောင်မလေးတစ်ယောက်စီးနေသည့် စက်ဘီးသည် အမြန်မောင်းသည့် ကားတစ်စီးနှင့် ပွတ်တိုက်မိတော့မလို ဖြစ်သွားပြီး လမ်းဘေးသို့ ထိုးမှောက်သွားသည်ကို တွေ့လိုက်ရသည်။
 

ဖုန်း....!!!!!
 

သန့်ဇင်ကိုလည်း စက်ဘီးကိုလမ်းဘေးခဏရပ်လိုက်ပြီး လဲကျသွားသည့် ကောင်မလေးအား သွားထူပေးသည် ။

အနောက်ကနေကြည့်တော့ ကောင်မလေးကို မြင်ဖူးသလိုလိုရှိပါတယ်နဲ့ တွေးမိနေတုံး မျက်နှာမြင်လိုက်ရတော့ အိမ့်မျက်ချယ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ပို၍စိတ်ပူသွား ရသည်။

“မျက်ချယ်....ရလား ၊ ဘယ်နားပွန်းသွားသေးလဲ”

“အား....ကျွတ်...ဒူးတော့နည်းနည်းပွန်းသွားတယ်ထင်တယ်”

When we were young Where stories live. Discover now