Ep 17 (U)

10.9K 1.1K 34
                                    

တိုးတိုး ဘွဲ့ယူတဲ့အခမ်းအနားကို တက်ရန် ဖေဖေနဲ့ မေချိုပါ ရောက်လာကြသည်....သည်းခံကြိုးစားပြီး နှစ်တချို့ကို ကျော်လွန်ပြီးတဲ့အခါမှာတော့ စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး NUS မှ ဗိသုကာ မာစတာဘွဲ့ကို ရယူနိုင်ခဲ့ပြီ‌....လက်ရှိအလုပ်ထက် လစာပိုများသော အလုပ်များလည်းကမ်းလှမ်းခံရပြီး စိတ်ကြိုက်ရွေးချယ်ရန်သာကျန်တော့သည်မို့ တိုးတိုး နှင့် ဖေဖေ၏ ကတိအတွက်လည်း စကားပြောရန်အချိန်ရောက်လာခဲ့လေပြီ.....

ဖေဖေနဲ့ မေချို့ကို ပြန်ပို့ရင်း တိုးတိုးပါ မြန်မာနိုင်ငံသို့ ခဏပြန်လိုက်လာခဲ့သည်....ဖေဖေတို့ မြ၀တီမပြန်ခင် ရန်ကုန်မှ ဦးကြီးအိမ်တွင်ခဏ နေကြသည်...ညဘက်တွင် မိသားစုသုံးယောက် ရွှေတိဂုံဘုရားဖူးရန် ထွက်ခဲ့ကြသည်...မေချို ဘုရား၀တ်ပြု ပုတီးစိတ်နေသည်ကို သားအဖနှစ်ယောက်ထိုင်စောင့်နေရင်းမှ ဖေဖေက စကားစပြောသည်...

"ငါ့ သား .... တကယ်တော့ လောကကြီးမှာ သားသမီး စိတ်ဆင်းရဲနေရတာကို မြင်ချင်တဲ့ မိဘဆိုတာ မရှိပါဘူးကွာ.... ဖေဖေ မင်းနဲ့ ကောင်းကောင်းကို ခွဲထားတယ်ဆိုတာကလည်း မိဘတယောက်ရဲ့ အတ္တအနေနဲ့  မင်းတို့နှစ်ယောက်လုံး အနေ‌ဝေးပြီးစိတ်များပြောင်းသွားပါစေတော့ ဆိုတဲ့ နောက်ဆုံးကောက်ရိုးတမျှင်ပဲဖြစ်ဖြစ် ဖမ်းဆုပ်တဲ့ သဘောပါ...မင်းတို့နှစ်ယောက်လုံးက တော်တော်လေး စိတ်ဓါတ်ခိုင်မာနေမှတော့ ကိုယ်ရွေးချယ်တဲ့လမ်း နောင်တမရကြနဲ့လို့ပဲ ဖေဖေပြောချင်တယ်"

"ဖေဖေ...သား ဖေဖေ့ကို ကျေးဇူးတင်ပါတယ်....သား ဖေဖေ့ စိတ်ကို နားလည်လို့သာ ဖေဖေနဲ့ ပေးထားနဲ့ ကတိကို အပြည့်အ၀ တည်အောင်ထိန်းထားခဲ့တာပါ...သား သက်သေပြချင်တယ်....သားရဲ့ဖြစ်တည်မှုကြောင့် ဖေဖေနဲ့ မေချို့ကို အားနာရပေမဲ့ သားရွေးတဲ့လမ်းမှာ ဘယ်တော့မှ နောင်တမရပဲ အကောင်းဆုံးရပ်တည်သွားပါ့မယ်"

ဖေဖေက တစ်ချက်ပြုံးလိုက်တာ တိုးတိုး၏ခေါင်းအား ဖွဖွပုတ်လိုက်သည်...

"ဖေဖေ....ဒါဆို သား...ကောင်းကောင်းနဲ့ တွေ့မယ်နော်"

တိုးတိုး ဤစကားကို ရင်တလှပ်လှပ်နှင့် စိတ်လှုပ်ရှားစွာ ဆိုမိပါ၏....ဒီအချိန်ကိုရောက်ဖို့ ၇ နှစ်နီးပါးလောက် ရင်းထားခဲ့ရတဲ့ အချိန်တွေ....ချိုးနှိမ်ထားခဲ့ရတဲ့ စိတ်တွေ....ရင်ကွဲမတတ်လွမ်းခဲ့ရတာတွေ.....အခုတော့အားလုံးပြီးဆုံးပြီ....ကောင်းကောင်း သာ တိုးတိုးကိုတွေ့ရင် ဘယ်လိုနေမလဲ...အံ့ဩဝမ်းသာသွားမဲ့ ကောင်းကောင်းမျက်နှာကို မြင်ချင်လှပြီ...

The Promise Of SummerWhere stories live. Discover now