"ဒါပေမယ့် သူက ဘာဖြစ်နေတာလဲဆိုတာကို မင်းမပြောပြဘူးဆိုရင် သူက ကောင်းလား ဆိုးလား ငါဘယ်လိုလုပ် သိမှာလဲ!" ဝမ်ရှောင်းမျယ် မျက်လုံးဝှေ့လိုက်တယ်။

"မင်း တကယ်သိချင်တာလား?"

"ဒါပေါ့လို့!"

"ဒီကိုလာ"

ဝမ်ဖုန်းကျင်က အထွတ်အမြတ်သစ်ပင်ကြီးအောက်မှာ ခြေထောက်တစ်ချောင်းကွေးကာ အေးအေးလူလူထိုင်နေတာဖြစ်တယ်။ သူက လက်ကိုမြှောက်ပြီး ဝမ်ရှောင်းမျယ်ကို အနားလာဖို့ အမူအယာပြလိုက်တယ်။

ဝမ်ရှောင်းမျယ် သူ့ဘေးမှာထိုင်ကာ ရင်ခွင်ထဲ မှီလိုက်တယ်။ ဝမ်ဖုန်းကျင်က သူ့ကိုလက်တွေနဲ့ ထွေးပွေ့လိုက်ပြီး အလုပ်ကြိုးစားတဲ့ဘော့စ်တစ်ယောက်က သူ့အချစ်လေး အသက်ပြန်ရှင်လာရေးကြိုးပမ်းနေချိန်မှာ အမြဲတမ်း တစ်နေရာရာကနေ တစ်မျိုးတစ်ဖုံ တစ်စုံတစ်ယောက်က 'သေဖို့အချိန်ကျပြီ နတ်ဆိုးကြီး!'ဆိုပြီး သူတံခါးကိုလာခေါက်ကာ အော်တတ်ကြောင်း ရွံရှာသလို လေသံမျိုးနဲ့ ပြောပြလိုက်တယ်။

နောက်ပြီး သူတို့အများစုရဲ့မရမကဇွဲကောင်းမှုက ဝမ်ဖုန်းကျင်အပေါ် မေ့မရတဲ့ရုပ်ပိုင်းဆိုင်ရာအရိပ်ကြီးတစ်ခုအဖြစ် ကျန်ခဲ့စေတယ်။

"စုစုပေါင်း ကိုယ်သူ့ကို နှစ်ဆယ့်ကိုးကြိမ် သတ်ခဲ့ပြီးပြီ၊ ချောက်ကမ်းပါးကနေ ခြောက်ကြိမ်ပစ်ချတယ်၊ သူ့နှလုံးကို တစ်စစီ ခုနစ်ကြိမ်ဆွဲဖြဲခဲ့တယ်၊ သူ့ကိုယ်ပေါ်က ရှိသမျှမရင်ဒန်ကို ဆယ်ကြိမ်ဖျက်စီးခဲ့တယ် ပြီးတော့ အကြိမ်ပေါင်းများစွာ သူ့ခေါင်းကို ဖြတ်မိလုနီးနီးတွေချည်းပဲ"

"ဒါပေမယ့် အဲ့တာတွေက အသုံးမဝင်ဘူး၊ ချောက်ကမ်းပါးပေါ်က ကျသွားပြီးရင် သူကအမြဲတမ်း ဝှက်ထားတဲ့ရတနာတစ်ခုခု ဒါမှမဟုတ် လျှို့ဝှက်ချက်တစ်ခုခုကို ရှာတွေသွားတာချည်းပဲ၊ နှလုံးကို ခုနစ်ကြိမ်ထိုးပြီးတော့မှ သူ့နှလုံးက ညာဘက်မှာရှိတယ်ဆိုတာ သိလိုက်ရတယ်... သူ့ရဲ့မရင်ဒန်တွေက ဖျက်ဆီးခံလိုက်ရပြီးပြီဆိုလည်း အမြဲတမ်းလူသိများတဲ့ဆေးဆရာတွေရဲ့ အကူအညီနဲ့ ပြန်ကောင်းသွားတတ်တယ်၊ အဲ့နောက် ကိုယ်တို့ ဆုံတိုင်းမှာ ကိုယ်သူ့ကို သေလောက်တဲ့ဒဏ်ရာနဲ့ သတ်ဖို့ကြိုးစားတယ်... ဒါပေမယ့် အသုံးမဝင်ဘူး"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now