Chapter 1.2 Devil

612 66 1
                                    

နတ်ဆိုး
>>>>>>>>>>>>>>>>>>>>>>>
လူငယ်လေးသည် မြွေကဲ့သို့တွန့်လိမ်နေပြီး ပိန်ပါးသေးငယ်ကာ အဝတ်အစားများမှာလည်း စုတ်ပြတ်နေသည်။သူ၏လက်မောင်းဘေးတစ်ဖက်တစ်ချက်တွင် ကြာပွတ်ရာများပြည့်နေပြီး သူ၏အရိုးနှင့်အရေပြားမှာ ပါးလွှာလွန်းလှသည်။

သူကထိုင်ခုံဘေးလျှောက်သွားပြီးထိုင်ချကာ လူငယ်လေးအားဘေးတွင်ရပ်၍အတော်ကြာအောင်ငေးနေခဲ့သည်။သူ့မျက်လုံးတွေက တည်ငြိမ်နေပြီးဘာမှမပြောင်းလဲသည့်တိုင် သူဟာတော်ဝင်နန်းသွေးမှဆင်းသက်လာသည်ဟူသော နှိုးဆော်မှုမျိုးမရပါချေ။ထိုင်ခုံကို လက်ဖြင့်ပုတ်ရုံဖြင့်ပင် လူငယ်လေးက ချက်ချင်းနိုးလာ၏။ကြည်လင်တောက်ပနေသည့်အနက်ရောင်မျက်ဝန်းတစ်စုံက အထိတ်တလန့်ဖြင့်လည်သွားပြီး သူသည်လည်းဘောလုံးတစ်လုံးလိုကျုံ့ဝင်သွား၏။

"ထိုင်ခုံပေါ်တက်လိုက်"

နတ်ဆိုးကသူ့ကိုကြည့်နေခဲ့သည်။

လူငယ်လေးသည် သူ့ကိုယ်သူတင်းကြပ်စွာပွေ့ပိုက်ရင်း အရိပ်ထဲကိုဆုတ်ပြီးတိုးဝင်သွားသည်။

နတ်ဆိုးက သူ့ကိုတိတ်တဆိတ်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

"မင်းကယန်ဝမ်ရဲ့ ရှစ်ကျစ်ပါ"

လူငယ်လေး၏အနက်ရောင်မျက်လုံးများသည် မျက်တောင်ရှည်များဖြင့် ဖုံးကွယ်ထားပြီး ထိုလူအားလှည့်မကြည့်ပါချေ။သူက သူ၏ခြေဗလာများကိုာ ဘာအဖြေမှမပေးပဲ စိုက်ကြည့်နေခဲ့သည်။

နတ်ဆိုးကလည်း သူ့အဖြေကို လိုအပ်မနေပါချေ။

ယန်ဝမ်၏ရှစ်ကျစ်မှာ ဆွံ့အနေသူဖြစ်ပြီး တလန်တစ်ပြည်လုံးကလည်း ထိုအကြောင်းကိုသိထား၏။

"ငါမင်းကို ဒီနေရာ၊ အိမ်ကိုခေါ်လာပေးတဲ့ တစ်ယောက်သောသူပဲ"

သူ့အသံကဦးတည်ချက်မရှိပေမယ့် စိတ်ငြိမ်မှုနှင့် မထုံတက်သေးဖြစ်မှုတို့၏ ဆိတ်ငြိမ်အေးချမ်းခြင်းတစ်စုံတစ်ရာကတော့ရှိနေသည်။မည်သည့်အချိန်မျိုးတွင်မဆို  နှုတ်ခမ်းထောင့်စွန်းလေးများဖြင့် ခန့်မှန်းမရသည့်အပြုံးကိုပြုံးလေ့ရှိရကား ထိုအခိုက်အတန့်လေးတွင် ယုံကြည်အားထားချင်စရာကောင်းလှ၏။

ဝန်မင်း (ဘာသာပြန်) // ဝန်မင်း (ဘာသာပြန်)Where stories live. Discover now