Chapter 1.1 (Devil)

2.7K 115 7
                                    

Unicode

အခန်း ၁ : နတ်ဆိုး
Posted on 11th Sep 2021 by Yue(Eng translation's release date)
_____________________

ဖော့ကျွာ(Po Suo)မြို့သည် မီးရှို့ဖျက်ဆီးခံလိုက်ရ၏။

ညဥ့်တွင် မီးခိုးငွေ့များက မီးတောက်လှိုင်းများနှင့်အတူ ကောင်းကင်သို့လျှံတက်သွားပြီး လကိုပင်ဖုံးကွယ်သွားစေ၏။မီးပွားစများနှင့်ပြာမှုန် ဖုန်မှုန့်များက တစ်လီအကွာထိတိုင်အောင် အတူတကွပျံ့လွင့်သွားပြီး တဖျတ်ဖျတ်လောင်ကျွမ်းနေသောအသံသည် လူ့အသားကိုလောက်ကျွမ်းနေသောအနံ့နှင့် ခြောက်သွေ့ပူလောင်သောအဆီတစ်မျိုးလောင်ကျွမ်းနေသည့်အနံ့တို့ရောနှောနေသည့် ထူးဆန်းသောအငွေ့တစ်မျိုးက နှာခေါင်းထဲအထိ တိုက်ရိုက်ထိုးဖောက်သွားသည်။

ချန်ဝေ့၏အစာအိမ်ကပြင်းထန်စွာတုန်ခါသွားပြီး အန်ချင်စိတ်ကလည်ချောင်းတစ်လျှောက်ဆန်တက်လာကာ ထိုစိတ်ကိုထုတ်မပြရဲဘဲ သူ့ကိုယ်သူပြန်ထိန်းလိုက်ရသည်။သူကသူရဲဘောကြောင်သူတစ်ဦးဖြစ်ရကား ထိုနတ်ဆိုးထံတွင် သူ့အသက်ဆုံးရှုံးရမည်ကို ကြောက်ရွံ့မိသည်။

ကံကောင်းစွာဖြင့် ထိုနတ်ဆိုးက သူ့ဘက်ကိုလှည့်မကြည့်ခဲ့ချေ။ထူးခြားပြီးရှည်လျားသွယ်ပြောင်းသည့်လက်ချောင်းများဖြင့် လက္ဘက်ရည်တစ်ခွက်ကို ဆုပ်ကိုင်ထားပြီး သူကအကြောက်တရားတို့ကိုခံစားရင်း ကျေနပ်ပျော်ရွှင်နေပုံရ၏။

လက်ဖက်ရည်ကအေးနေပြီဖြစ်သည့်တိုင် မည်သူသမျှ ထပ်မဖြည့်ပေးရဲပါချေ။

ချန်ဝေ့ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး သူ၏အသံပျောက်သွားရသည်ကို သိလိုက်သည့်အခါ အံ့သြသွားရသည်။သူ့လက်တွေနှင့်ခြေထောက်တွေက အနည်းငယ်တုန်ရီသွားပြီး အခက်အခဲများစွာကြားမှ တိတ်ဆိတ်မှုကို ချိုးဖျက်နိုင်ခဲ့သည်။

"သ..သခင်"

မိနစ်ပိုင်းမျှတုန်ခါမှုတွေသည် သူ့ခြေထောက်တွေကို ပျော့ခွေသွားစေပြီး တုန်ယင်နေသည့်အသံဖြင့်ပင် ပြောခဲ့သည်။

"ဖျင်..ဖျင်..ဖျင်ဝမ်(wang)က သူ့အပြစ်အတွက်နဲ့ သေဆုံးသွားခဲ့ပါပြီ ရပ်..ရပ် ရပ်လိုက်ရင်ရော မြို့ကို ...."

ဝန်မင်း (ဘာသာပြန်) // ဝန်မင်း (ဘာသာပြန်)Where stories live. Discover now