အပိုင်း-၂၄ (Zawgyi)

Start from the beginning
                                    

စစ်မင်းထက်သည် အစည်းဝေးခန်းထဲသို့ မဝင်ခင် ကြားလိုက်ရတဲ့စကားတွေကြောင့် မျက်ရည်ဝဲမတတ် ရင်ထဲကိုထိသွားရတော့သည်။ သူချစ်သလို ဦးသန့်ကလည်း သူ့ကိုအများကြီး ချစ်ပေးနေတာမို့။

"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

အနက်ရောင်Suitဝတ်စုံအပြည့်ဖြင့် ဝင်လာတဲ့ကောင်လေးတစ်ဦး အပြုံးယေးယေးလေးကိုမျက်နှာထက်၌ချိတ်ဆွဲထားပြီး ဘယ်ဘက်နားတွင် ဝတ်ဆင်ထားတဲ့ ကြယ်ပုံစံနားစွဲလေးကြောင့်ပိုလို့တောင် လူငယ်ဆန်လွန်းနေသည်။

"ကိုယ့်ကိုကိုယ်မိတ်မဆက်ရသေးလို့ မိတ်ဆက်ပေးမယ်နော်"

အခန်းထဲသို့ ဝင်လာတာနဲ့ အကြည့်ပေါင်းစုံသည် သူ့ဆီသို့ ဦးတည်နေသည်။သူကတော့ ဦးသန့်ရဲ့မျက်နှာလေးကိုကြည့်ပြီး ခပ်ယေးယေးလေးပြုံးပြလိုက်သည်။ ဒေါ်မာယာခင်ကတော့ အခုလောက်ဆို သွေးတိုးပြီး မူးမလဲရုံသာရှိတော့သည်။ သူမကို တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်အောင်လုပ်နေခြင်းကြောင့်ပင်ဖြစ်သည်။

"ကျွန်တော်က SH Hotelရဲ့ ဒုက္ကဋ္ဌ ဖြစ်တဲ့အပြင် Hotelရဲ့ စားဖိုမှူးချုပ်လည်းဖြစ်တဲ့ စစ်မင်းထက် လို့ခေါ်ပါတယ်...နောက်ဆုံးအရေးတကြီးပြောချင်တာက မင်းသန့်ကျော်ဇင်ရဲ့သက်ဆိုင်သူဆိုတာကလည်း ကျွန်တော်ပဲဆိုတာကို မှတ်ထားစေချင်ပါတယ်ဗျာ"

ယဉ်ယဉ်ကျေးကျေးလေးနဲ့မိတ်ဆက်လိုက်ပေမဲ့လည်း စစ်မင်းထက်ရဲ့ အရှိန်အဝါက လူတိုင်းကိုတုန်လှုပ်သွားစေသည်။အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက်က SH hotelရဲ့
ဒုဥက္ကဌဖြစ်တဲ့အပြင် MT Gpရဲ့ ဒုတိယရှယ်ယာရှင်လည်းဖြစ်နေပြန်သေးသည်။ နောက်ဆုံးရလဒ်အနေနဲ့က မင်းသန့်ကျော်ဇင်နဲ့ သူရဲ့သက်ဆိုင်သူဖြစ်တဲ့ စစ်မင်းထက်ကိုရော မထိသင့်သော သူများအဖြစ် သတ်မှတ်လိုက်ကြသည်။

"ဒါဆို ရှယ်ယာရှင်အစည်းဝေးဖြစ်တာမို့ လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်ကြတာပေါ့ "

နောက်ဆုံးမှာတော့ ရှယ်ယာရှင်များရဲ့ အဆုံးအဖြတ်ဟာ မင်းသန့်ကျော်ဇင်ကိုပဲ ဥက္ကဋ္ဌအဖြစ် ဆက်လက်ခန့်ထားလိုက်တော့သည်။

"ဂုဏ်ယူပါတယ် ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေသေးလို့"

ဒေါ်မာယာခင်၏ မကျေမနပ်ဂုဏ်ပြုစကားသံ...

"လောဘဒေါသတွေလျော့ပြီး မိသားစုနဲ့ အတူတူပျော်ရွှင်သင့်နေပါပြီ အန်တီမာယာ"

"မင်း...ဘယ်လိုခေါ်လိုက်တာ"

မင်းသန့်အနေနဲ့ ပထမဆုံးအကြိမ်ဖြင့် အန်တီမာယာလို့ ခေါ်ခြင်းဖြစ်သည်။

မင်းသန့်အနေနဲ့ အမုန်းတရားတွေ ခဝါချပြီး အေးအေးဆေးဆေး နေချင်ပြီဖြစ်သည်။

"အစ်ကိုမြတ်ခနဲ့ ဦးလေးရဲ့မျက်နှာကြောင့် ကျွန်တော်အနေနဲ့ အန်တီမာယာကို ရဲမတိုင်ခဲ့တာ ကျေးဇူးပြုပြီး အစ်ကိုမြတ်ခရဲ့မျက်နှာလေးတော့ထောက်လိုက်ပါ...ကြူးလွန်သင့်တာတွေလည်း ကြူးလွန်သင့်သလောက် ကြူးလွန်ပြီးပြီမို့ ရပ်တန်းက ရပ်လိုက်ပါတော့"

"သွားရအောင်!! ကိုစစ်"

ဘေးနားမှာ ရပ်နေတဲ့ ကြယ်လေးရဲ့ လက်ကိုတွဲပြီး ဒေါ်မာယာခင်ကို သူကျောခိုင်းလိုက်သည်။

နောက်ဆုံးတော့ သူ့ရဲ့သိုသိပ်ထားတဲ့ ခံစားချက်တွေအားလုံးပွင့်ထွက်သွားခဲ့ပြီ။ အခုချိန်ကစပြီး ဘဝရဲ့ပျော်ရွှင်မှုဖြစ်တဲ့ ကြယ်လေးနဲ့အတူ နေ့ရက်တွေကို ကုန်ဆုံးဖို့အတွက်ပဲ ဆုံးဖြစ်လိုက်တော့သည်။

"ဒီနေ့ ကျွန်တော်အရမ်းမိုက်နေတယ်မလား ဦးသန့်!!"

"အရမ်းကိုမိုက်လွန်းလို့ ကိုယ့်မျက်လုံးတွေတောင် ကျွတ်ကျမတတ်ပဲဗျာ..."

"ဟာ....ဦးသန့်!!!"

ရယ်မောသံတွေနဲ့အတူ ဒီနေ့အဖို့တော့ အမှတ်ရစရာနေ့ရက်အဖြစ် မှတ်တမ်းတင်နေခဲ့ပြန်သည်။

T~B~C~~~~

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now