အပိုင်း-၂၄ (Zawgyi)

Start from the beginning
                                    

အဆုံးမှာတော့ ဒေါ်မာယာခင်၏ နောက်ဆုံးလက်နက်ကို မင်းသန့် သိလိုက်ရတော့သည်။

"ကျွန်တော့်က ကောင်လေးတစ်ယောက်နဲ့တွဲနေလို့ ကုမ္ပဏီရဲ့ဂုဏ်သတင်းထိခိုက်တယ်ပေါ့!!! ဆိုစမ်းပါဦးဗျာ...ရှယ်ယာတွေ ဘယ်လောက် Percentလောက်ထိုးကျသွားလို့တုန်း!!"

ရေခဲပမာအေးစက်တည်ငြိမ်တဲ့ မျက်နှာထားဖြင့် မင်းသန့်သည် ပြဿနာတစ်ခုစီတိုင်းကို အေးဆေးရှင်းလင်းနေသည်။

"အာ~~~ဒါနဲ့...ဘာလို့ SH Groupက လူကြီးမင်းတွေမရောက်သေးတာလဲ!!! "

"ရောက်ခံနီးပြီလို့ ဖုန်းဆက်ထားပါတယ် ဆရာ"

"ရှယ်ယာရှင်အစည်းဝေးလို့လည်းပြောသေးတယ်...ကုမ္ပဏီရဲ့ ဒုတိယရှယ်ယာအများဆုံးသူကို ဘာလို့မစောင့်ပဲလုပ်ကြလဲဆိုတာကို ကျွန်တော်ဖြစ် တွေးတောင်မတွေးတတ်တော့ဘူး"

ဒေါ်မာယာခင်၏ ဒေါသတို့သည် တရိပ်ရိပ်တတ်လို့လာခဲ့သည်။

"မင်းစကားပြောတာကို ကြည့်ပြောစမ်း!! ငါ့ကိုမင်းရဲ့အဒေါ်တစ်ယောက်ဖြစ်သတ်မှတ်သေးရဲ့လား!!!"

မင်းသန့်သည်လှောင်ပြုံးလေးနှင့်အတူ...

"ခင်ဗျားကရော ကျွန်တော့်ကို တူတစ်ယောက်အဖြစ် သတ်မှတ်ထားလို့လား"

မင်းသန့်သည် အရင်နေ့ကတွေလို တည်ငြိမ်မနေတော့ဘဲ တစ်ခွန်းစီပြန်တုံ့ပြန်လို့လာတော့သည်။

"ရှင်းမှရှင်း ဒီနေ့ကိစ္စတွေအားလုံးကို စုပြီးရှင်းကြတာပေါ့"

အစည်းဝေးခန်းတွင်း တိတ်ဆိတ်လျက်ရှိပြီး မင်းသန့်၏စကားသံတွေကို ကြားနေရသည်။

"ကျွန်တော်က ကောင်လေးတစ်ယောက်နဲ့တွဲ့တယ်!!!! ဟုတ်တယ်လေ~~ ကျွန်တော့်ရဲ့ သက်ဆိုင်သူက ဒီကလူကြီးမင်းတို့ ထင်ထားသလို ယောကျာ်းလေးတစ်ယောက်ပဲ!!"

အခန်းထဲ၌ ထိုကိစ္စကိုမသိသေးသော လူတစ်စုတို့သည် အံ့သြလို့နေတော့သည်။

"အံ့သြသွားတယ်မလား!! ကျွန်တော့်ရဲ့ သက်ဆိုင်သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေမယ်လို့လည်း ကိုယ်တိုင်တောင် ထင်ထားခဲ့တာမဟုတ်ဘူး!! ဒါပေမဲ့ ကျွန်တော့်အတွက်တော့ သူက ကျွန်တော့်ရဲ့ သက်ဆုံးတိုင်ထာဝရလက်တွဲဖော်ဖြစ်နေဦးမှာမို့ ဘယ်သူတွေဘာပြောပြော ဂရုလည်းမစိုက်သလို အရေးထားနေမှာလည်းမဟုတ်ဘူး!!"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now