Jin​သောက်ဖို့ဆိုပီး​ဆေးအချို့ကို​ပေးကာသမား​​​တော်Kimထွက်သွား​တော့တယ်

    " jinဘာမှစိတ်ပူမ​နေနဲ့​တော့နော် ​ဖေ​​​​ဖေကသက်သာလာမယ်လို့​ပြောသွားတယ် ​လေ နင်မမှတ်​မိတော့လဲငါက
နင့်​ကြောင်း​တွေအကုန်ပြန်​ပြော ပြမှာ​ပေါ့ ဟ "

      " အင်းပါ ​ကျေးဇူးပါပဲ "
-----------------------------------------------------------------

   ဒီ​နေ့ ji yoonကဥယျာဥ်ထဲကိုလိုက်ပြမယ်ဆိုကာမနက်စာစားပီးသူတို့ထွက်လာလိုက်ကြတယ်

  " ji yoon​ငါတို့​နေတဲ့​နေရာက ဘယ်​နေရာလည်းဟင် "

  " နန်းတွင်းထဲကအရှင်မင်းမြတ် ​ပေးထားတဲ့​
မြောက်ဘက်နန်း​ဆောင်မှာ​လေဖေ​ဖေကနန်းတွင်းသမား​တော်ဆို​တော့ ငါတို့မိသားစုအတွက် အရှင်ကသမား​တော်​တွေ​နေတဲ့ ​မြောက်ဘက်နန်း​ဆောင်မှာနေခွင့်ပြုထားတာ "

  " နန်းတွင်းမှာ ငါကဘာလာလုပ်တာလဲ "

  " နင်ငယ်ငယ်တုန်းက ​ဖေ​ဖေကအိမ်​ခေါ်လာတာ​လေနင့် နာမည် မှာမျိုးရိုးအမည်မပါလို့ ငါတို့မျိုးရိုးနာမည်ကို​ပေးလိုက်တာ​လေ ငါတို့နန်းတွင်းထဲမှာ​​နေတော့ နင့်ကိုပါ​ခေါ်လာပြီး ​ဆေးပညာ​တွေသင်ယူခိုင်းတာ​လေ နင်ကအခုဆို​​ဖေ​ဖေရဲ့ အကူသမား​တော်​တွေကတစ်​ယောက်​လေ"

  " ​အော် အဲ့လိုလား "

  " ဟိုမှာ ဥယျာဥ်ထဲ​ရောက်ပီ လာသွားကြမယ် "

  " ဝါးပန်း​တွေကလှလိုက်တာ ji yoon "

  " jinငါ​လေဟိုဘက်ခနသွားလိုက်အုံးမယ် ​နော်နင်ဒီမှာခန​နေခဲ့ "

   " ဟဲ့  ji .."

  Jinတားခွင့်မရလိုက်ပဲji yoonကအမြန်​​ပင်ပျောက်သွား​တော့တယ် jinလည်းပန်းပင်​လေး​တွေလိုက်ကြည့်​နေရင်းပဲ အပင်ကြီးကြီးတစ်ပင်​ရှေ့အ​ရောက် ​သစ်ပင်ကိုပတ်ကာ နောက်ပြန်လမ်း​ရှောက်​​နေရင်း အ​နောက်ကတစ်ခုခုနဲ့တိုက်မိပြီး jinအ​ရှေ့ကိုပြန်လှည့်
ကြည့်ချိန် jinနဖူးနဲ့လူတစ်​ယောက်ရဲ့ရင်ဘက်ဟာတိုက်မိသွား​တော့တယ်

    Jinသူ့နဖူး​လေးကိုပွတ်ကာ ​ခေါင်းကိုအ​ပေါ်သို့​မော့
ကြည့်လိုက်​တော့ ညှိ့အားပြင်းပီး စွဲ​ဆောင်မှုရှိတဲ့မျက်၀န်းတစ်စုံနဲ့အကြည့်ချင်းဆုံမိတဲ့တစ်ခန

Don't  Forget  Me(Completed✔)Where stories live. Discover now