" အ..အခုက ဘယ်မင်းဆက်အုပ်ချုပ်​နေတာလဲ "

     " Jeonမင်းဆက်​လေ နင်တကယ်ဘာမှမမှတ်မိဘူးလား "

      " ဘလို jeonမင်းဆက်မဟုတ်မှ ငါရုပ်ရှင်တွေထဲလို​Time Travelဖြစ်သွားတာများလား "

     " နင်​ခုနကပြောတာဘာကြီးလည်း "

    " ဘာမှမဟုတ်ပါဘူး "

     " ငါနင့်ကိုလာကြည့်ဖို့ ​ဖေ​ဖေ့ကိုသွား​ခေါ်လိုက်အုံးမယ်နင်ခနနား​နေ​နော် "

       ​ပြောပြီးတာနဲ့ji yoonဆိုတဲ့မိန်းက​လေးကအခန်းထဲမှထွက်သွား​တော့တယ်။jin, ခုတင်​ပေါ်တွင်ထိုင်ကာသူဒီကိုဘလို​ရောက်လာမှန်း စဥ်းစား​နေတော့သည်။

  Jin  pov ' သူကတကယ်ပဲအခု​ရှေး​ခေတ်ကိုရောက်လာတာလား ဘာကိစ္စနဲ့​ရောက်လာရတာလဲ တကယ်ပါပဲရုပ်ရှင်​တွေထဲမှာမင်းသမီး​လေးက​Time Travel သွားတယ်ဆိုရင် မင်းသား​လေးနဲ့​တွေ့ပီးရင်နှစ်​ယောက်သားချစ်ကြိုက်သွားကြပီဆိုရင် မင်းသမီးက သူလာခဲ့တဲ့​နေ​ရာကိုပြန်​ရောက်သွား​ရော အခုသူက​ယောကျ်ား​လေးဆို​တော့ မိန်းက​လေးတစ်ယောက်နဲ့ ​တွေ့ပီးချစ်သွားခါမှ ငါလာတဲ့​နေရာကိုပြန်​ရောက်သွားရင် ငါအသဲကွဲ သွားမှာ​ပေါ့ မဖြစ်​သေးပါဘူးအသဲမကွဲ​​အောင်ဘယ်မိန်းက​​လေးကိုမှ မချစ်မိ​အောင်​နေရမယ်  ဟူး

  ခန​နေ​တော့အခန်းထဲကိုခုနကလာသွားတဲ့မိန်းက​လေးနဲ့အတူ အသက်ကြီးကြီး​ယောကျ်ားတစ်​ယောက်ပါ ပါလာတယ် သူက ji yoonအ​ဖေဖြစ်ရမယ် 

   " jinသတိရလာပီး ​​ဘာမှမမှတ်မိ​တော့ဘူးလို့
ji yoonက​ပြောတယ် ဦး​လေးစမ်းသပ်​ပေးမယ် "

   Ji yoonအ​ဖေကjin​ခေါင်းနဲ့​လက်ဖျံသွေး​ကြော​တွေကိုစမ်းသပ်ပြီး​နောက်

   " ​ခေါင်းကလည်းကြီးကြီးမားမားထိခိုက်ထားတာမျိုးမရှိပါဘူး  ဘာမှမမှတ်မိ​​တော့ဘူးလား ကိုယ့်နာမည်​ကောသိ​သေးလား "

   " ဟုတ်ကဲ့ Kim Seok Jin​လေ "

  " အင်းမ် တစ်ရက် နှစ်​ရက် ​လောက်အနားယူကြည့်လိုက်​ပေါ့ တစ်ဖြည်းဖြည်း သတိရလာမှာပါ အရမ်းကြီးစိုးရိမ်စရာမှမရှိတာ "

Don't  Forget  Me(Completed✔)Where stories live. Discover now