121

239 17 0
                                    

နှုတ်ဆက်ခန်း
________________

A.

ကယ်ပါ လို့မအော်လည်း
ကယ်ချင်တဲ့လူက ကယ်ကိုကယ်မှာ။

ကယ်ပါ လို့အော်လည်း
မကယ်ချင်တဲ့လူက ကျော်ခွသွားမှာ။

အဆင်ပြေရဲ့လား မေးတော့
ပြေပါတယ် ဆိုတဲ့နွဲ့တဲ့တဲ့အသံလေး။

မ‌ခွဲခင်ညက
ကျော်ဖြတ်နိုင်မှာပါ လို့နှစ်သိမ့်ပေးခဲ့တယ်။

သူကျော်ဖြတ်သွားပါတယ်
အဲ့ဒီပြတင်းပေါက်အပြင်ဘက်ကို။

ငါလုပ်နိုင်မယ်ထင်လား
နင်လုပ်နိုင်တာပေါ့ ဆိုတဲ့အားပေးစကားဟာ
သူ့အသက်ပေါ် သက်ရောက်နေမှန်းမသိခဲ့ဘူး။
ကြိုသိခဲ့ရင်ရော တားယူခဲ့မလားမသေချာဘူး။

ပြတင်းပေါက်ကိုကျော်ရင် တိမ်တွေဆီရောက်မလား
‌ပင်လယ်တွေဆီ ရောက်မလား။

ကျော်ဖြတ်နိုင်မှာပါ
နင်လုပ်နိုင်မှာပါ။

ကျော်ဖြတ်နိုင်ခဲ့၊ လုပ်နိုင်ခဲ့။
အခုဆို လွတ်လပ်သူတွေဟာ
ငရဲတွင်းထဲက ငါတို့ကိုအော်ရယ်နေမလား။

B.

အကြောင်းအရင်းကို
မမေးလည်း သူ့အဖြေကို ငါသိခဲ့တယ်။

ငါတို့‌မြင်တာ ကြိုးကွင်းပေမဲ့
သူမြင်တာ ကမ္ဘာအသစ်လည်းဖြစ်ချင်ဖြစ်နေမှာ။

သူ့ကြောင်လေးကို သူမခေါ်သွားပေမဲ့
နောက်ဆုံးထွက်သက်မှာ
သူ့ကြောင်လေးနာမည်ခေါ်ချင်ခေါ်သွားမှာပေါ့။

ကြောင်သခင်လေးရေ
လွတ်မြောက်မှ လွတ်မြောက်ပါစ။
ကောင်းရာသုဂတိလားပါစေ
ကမ္ဘာအသစ်မှာ ပျော်ပါစေ။

C.

မငိုဘူးလား
ဟုတ်ကဲ့ မငိုပါဘူး

တိတ်ဆိတ်နေမယ်ထင်တာ
ရေသံတွေအပြင်
သူ့ရင်ထဲကအသံတွေပါ ကြားနေရတယ်။

အယ်လ်ကိုဟောမကြိုက်သူဟာ
နောက်ဆုံးမှာ ဝိုင်ပုလင်းကိုဖက်တွယ်ထားတာ။

D.

မကြောက်ပါနဲ့ ငါရှိတယ်
ငါ့ကိုယုံလား

နောက်ဘဝမှာ ဘာဖြစ်ချင်လဲမေးတော့
လွတ်လပ်တဲ့ ငှက်ကလေးဖြစ်ချင်ပါသတဲ့။

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now