CHAPTER 73 - Marry me

Start from the beginning
                                    

စုန့်ရီရှက်ရွံ့စွာနဲ့နှူတ်ခမ်းလေးစိပီး ခေါင်းလေးငုံ့ကာ ဖွဖွလေးပြုံးလိုက်တယ် "ကျွန်တော့်ကိုဒီလိုပြောပြပေးလို့ ဦးလေးကိုကျေးဇူးတင်ပါတယ်"

"မင်းကအရမ်းကိုတော်တဲ့လူကောင်းလေးပါ သူမင်းနဲ့ရှိနေလို့ဦးလေးအရမ်းစိတ်သက်သာရာရတယ်" ကုရှောက်ယွမ်ကစိတ်ရင်းအတိုင်းပြောလာတယ်။ ကုရှင်ချွမ်းကသူ့ကိုမဆန့်ကျင်ခဲ့တဲ့တစ်ခုတည်းသောအရာကိုပြောရမယ်ဆိုရင် စုန့်ရီကိုလက်တွဲဖော်အဖြစ်ရွေးချယ်စေချင်တဲ့သူ့ရဲ့ဆုတောင်းပဲဖြစ်တယ်။

စုန့်ရီကလုံးဝကိုသူစံထားတဲ့ချွေးမပုံစံမျိုးဖြစ်တယ်။ သူကကျိုးသင့်ကြောင်းသင့်တွေးခေါ်တတ်ပီး ​စစ်မှန်ဖြူစင်တဲ့နှလုံးသားရှိတယ်။ အထူးသီးသန့်ဖြစ်လွန်းပါတယ်ဆိုတာတွေထက်ကိုရှားပါးလွန်းတယ်။ ကိစ္စအားလုံးကိုသူ့ဘာသာသူဖြေရှင်းနိုင်တယ်။ မျက်စိအမြင်မှာတင့်တယ်လွန်းမကတင့်တယ်တယ်။

စုန့်ရီကရိုးရိုးသားသားပဲပြောလိုက်တယ် "ဦးလေးကျွန်တော့်ကိုယုံလို့ရပါတယ် ကျွန်တော့်အတွက်ဒါကအရမ်းပျော်စရာကောင်းပါတယ်"

ကုရှောက်ယွမ်ကပြုံးလိုက်တယ် "ဒီနေ့ဒီအခြေအနေအထိရောက်လာခဲ့တာ မင်းတို့နှစ်ယောက်အတွက်မလွယ်ကူဘူး ရှန်းစစ်ရဲယ်အပါအဝင် ဦးလေးရောဒေါ်ဒေါ်ရောက အသက်တွေကြီးနေကြပီ အနာဂတ်ဘဝမှာမင်းတို့နှစ်ယောက်ပဲအတူတူကုန်ဆုံးရမှာ ဒါကမင်းတို့နှစ်ယောက်ရဲ့ဘဝ ဘယ်သူမှကြားဝင်လို့မရဘူး မင်းနားလည်မယ်လို့ဦးလေးမျှော်လင့်တယ်"

စုန့်ရီသိတာမို့ခေါင်းညိမ့်လိုက်တယ်။ ရှန်းစစ်ရဲယ်သဘောမတူတူ တူတူ သူ့ကိုဆန့်ကျင်ရမယ်ဆိုလဲကိစ္စမရှိဘူး။ သူကကုရှင်ချွမ်းနဲ့အတူရှိနေဖို့သေချာနေပီဖြစ်တဲ့အတွက် ပြတ်စဲဖို့ကိုဘယ်တော့မှတွေးမှာမဟုတ်ဘူး။ ခက်ခဲတဲ့နှစ်ပေါင်းများစွာကိုဖြတ်သန်းပီးနောက်မှာ တခြားသူတွေဘာပြောပြောကိုယ့်ဘဝကိုယ်ပိုင်တယ်ဆိုတာကို တခြားသူတွေထက်သူပိုသိတယ်။

ကုရှင်ချွမ်းကသူ့အတွက်သင့်တော်မတော်ဆိုတာ သူကိုယ်တိုင်သိနေပြီမဟုတ်လား။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now