CHAPTER 73 - Marry me

ابدأ من البداية
                                    

စုန့်ရီကဂရုတစိုက်နားထောင်နေတယ်။ ကုရှောက်ယွမ်ကတခြားတစ်ယောက်နဲ့ဒီလိုအကြောင်းအရာတွေပြောတတ်တဲ့လူမျိုးဖြစ်ဟန်မရှိဘူး။ သူက​ဘာပြောချင်နေတာလဲ။

"သူကဒီအရွယ်ရောက်လာတဲ့အထိ ဘယ်သူ့စကားမှနားမထောင်ဘူး ဦးလေးကသူ့ကိုအရှေ့သွားခိုင်းရင် သူကအနောက်ကိုသွားတယ် သူကဦးလေးကိုဆန့်ကျင်ဖို့မွေးဖွားလာတဲ့အတိုင်းပဲ" ကုရှောက်ယွမ်ခါးသက်သက်ရယ်မောလိုက်တယ်။ ဒီလိုသူ့ကိုဆန့်ကျင်တဲ့သားတစ်ယောက်ဖြစ်လာစေခဲ့လို ကိုယ့်ဘာသာကိုယ်ပဲတစ်ယောက်တည်းခံစားနေရတယ်။

စုန့်ရီအခြေအနေကကုရှင်ချွမ်းအကြောင်းသူနဲ့​လိုက်မပြောပေးနိုင်ဘူး။ သူက​နားထောင်သူကောင်းတစ်ယောက်သာဖြစ်ပေးနိုင်တယ်။

ကုရှောက်ယွမ်ကပြောတယ် "ဦးလေးမင်းကို Star Entertainment မှာ​စတွေ့တဲ့အချိန်တုန်းက ဦးလေးရဲ့ပထမဆုံးအတွေးက 'နောက်ဆုံးတော့တစ်စုံတစ်ယောက်ကသူ့ကိုကုသပေးနိုင်ပီ' ဆိုပီးပဲ"

စုန့်ရီအံ့ဩသွားတယ်။ ပထမဆုံးအကြိမ် Star Entertainment မှာတွေ့တုန်းက ဘယ်လောက်မှမကြာဘူး မိနစ်အနည်းငယ်လောက်ပဲ။ သူနဲ့ကုရှင်ချွမ်းဆိူလဲစကားလုံးဝမပြောခဲ့ဘူး။ ကုရှောက်ယွမ်ရဲ့အနံ့ခံနိုင်စွမ်းကတကယ်ကိုထက်တာပဲ။

ကုရှောက်ယွမ်ကတစ်ခုခုကိုတွေးမိသွားတဲ့အလားပြုံးတယ်။ သူ့မျက်လုံးတွေကနူးညံ့နေတယ် "သူအရမ်းငယ်သေးတဲ့အချိန်တုန်းက ဦးလေးသူ့ကိုမွေးနေ့လက်ဆောင်အနေနဲ့ Gunpla* လေးတစ်ခုပေးခဲ့တယ် သူကအဲ့တာလေးကိုအရမ်းကြိုက်တယ် ညအိပ်ရင်တောင်ဖက်ပီးအိပ်ရမှာအိပ်ပျော်တာ အဲ့တာလေးကိုဘယ်သူ့ကိုမှထိခွင့်​မပေးဘူး ဘယ်သူပဲထိထိသူ့ဒေါသနဲ့တွေ့တာပဲ"
(*gundam plastic model တဲ့ကလေးတွေကစားတဲ့စက်ရုပ်လေးတွေလိုပဲ သူကကျ Gundam multiverse ထဲက character တွေကိုပုံစံယူထားတာ)

သူကခန​ရပ်လိုက်ပီးစုန့်ရီကိုစိုက်ကြည့်တယ် "ဦးလေးမင်းတို့နဲ့ Star Entertainment မှာပထမဆုံးတွေ့တုန်းက မင်းကိုကြည့်တဲ့သူ့မျက်လုံးတွေက အဲ့ဒီအရုပ်လေးကိုပထမဆုံးတွေ့တဲ့အချိန်တုန်းကအတိုင်းပဲ"

ကုရှင်ချွမ်းကိုကုသပေးနိုင်တဲ့သူကနောက်​ဆုံးတော့ပေါ်လာခဲ့ပီဆိုတာကို အဲ့ဒီအချိန်ခနလေးအတွင်းမှာပဲ ကုရှောက်ယွမ်ရှင်းရှင်းလင်းလင်းသိလိုက်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]حيث تعيش القصص. اكتشف الآن