Chapter ( 11 )

Začít od začátku
                                    

"ဒယ်ဒီ...သားနေမကောင်းသေးဘူးနော်
သားတောင်းပန်ပါတယ်...သားနောက်နဲနဲ
လေးတောင်မသောက်တော့ပါဘူး...
ကြောက်ပါပြီ...ကြောက်ပါပြီဗျ''

"သေချာတယ်နော်...''

"တ...တကယ်ပါ''

"အွန်...ပြီးရော...နောက်ဆို
ကိုယ် အခုလို လွှတ်ပေးလိုက်မယ်
မထင်နဲ့...''

"ဟုတ်...ဟုတ်..ဟုတ်..''

ကုပ်ကုပ်ကလေး ထိုင်ချပြီး
သက်ပြင်းလေးခိုးချလိုက်သည်။
သူလည်း အဝတ်အစားလဲဖို့
ထွက်လာခဲ့လိုက်လေ၏။

🖤…^~🖤…^~🖤
ရေခဲသေတ္တာထဲက ကိုလာ ဘူးတွေ အကုန်
သူ့တပည့်တွေယူထုပ်သွားနေတာကြောင့်
မျက်နှာလေး တဘတ် နဲ့ သုပ်ပြီးအရှေ့ထွက်
လာရင်းက ကြောင်တောင်တောင်လေးကြည့်
၍ V ဆီဦးတည်လျှောက်လာခဲ့လေသည်။

ခြံရှေ့ကအထဲလျှောက်လာနေတဲ့ ဒယ်ဒီ
ကို မြင်တော့ အောက်သို့​ပြေးဆင်းလာခဲ့သည်။
ခြံထဲအထိပြေးလာခဲ့တာကြောင့် ဆေးလိပ်
တစ်လိပ်ကိုနှုတ်ခမ်းမှာခဲလိုက်တဲ့ V ကောင်လေး
ကိုမြင်တော့ အောက်ပြစ်ချလိုက်သည်။

"ဘာလို့ပြေးနေတာလဲ ယုန်ပေါက်လေး''

အနားမရောက်လာခင် မေးငေါ့မေးလိုက်၍
တိခနဲပြေးတာရပ်ပြီးတစ်လမ်းချင်းလျှောက်
လာ၏။ပခုံးလေးကို ဆွဲဖက်ပြီးနဖူးလေးကို
တစ်ချက်နမ်းကာ...

"မောနေပြီမလား...လာ ခလေးလေး
ကိုယ့်ကို လာကြိုတာတော့မဟုတ်ဘူးမလား''

ခါးလးကိုညှင်သာစွာကိုင်ပြိီး ဒူးကွေးကနေ
ကလေးတစ်ယောက်ကိုချီသလိုကောက်ချီ
လိုက်ပြီးမေး၏။
နှုတ်ခမ်းလေးဆူပြီး မျက်တောင်လေး
လှုပ်ခတ်ကာ..

"ဒယ်ဒီ...ကိုလာဘူးတွေ
အများကြီး ဘာလို့ သူတို့တွေက
ယူသွားနေတာလည်းဟင်!''

"အင်း ကိုယ်က ကိုလာအရမ်းကြိုက်တယ်
ကိုယ်ကြိုက်တော့ ဝယ်ထည့်ထားတယ်
ဝယ်ထည့်ထားတော့ ကိုယ့်ရဲ့ခလေးလေးက
ခိုးသောက်တယ်...ခိုးသောက်တော့ ခလေးလေးဘဲ
နေမကောင်းဖြစ်တာ..ဗိုက်အောင့်မယ်
လည်ချောင်းနာမယ်...အဲ့တော့ ကိုယ်လဲ
မသောက်တော့ဘူးလေကွာ..''

Vampire ခြွေတဲ့ အနမ်းကြမ်းKde žijí příběhy. Začni objevovat