ကျွန်တော်ကိုထပ်ပြီးစောင့်နေပြန်ပြီပဲ...သခင်မလေး။

"သခင်လေး"

"စုစု"

"နင်တို့သခင်မလေးရော..."

"သခင်လေး...စုစုကအပြင်လူပါ ဒါပေမဲ့ သခင်မလေးအတွက်စုစုပြောချင်လို့ပါ...
ကျေးဇူးပြုပြီး သခင်မလေးကိုစိတ်ချမ်းသာအောင်ထားလို့မရဘူးလားရှင့် သခင်မလေး သခင်လေးကိုစောင့်နေတာ ခုနှစ်နာရီထဲကပါ....ခါတိုင်းနှစ်လို သခင်လေးမရှောင်ပြေးပါနဲ့တော့ရှင်...
ခါတိုင်းနှစ်တွေက သခင်မလေးရဲ့အသိုင်းအဝိုင်းကြောင့် မာနကိုအထိခိုက်မခံတာစုစုတို့နားလည်ပါတယ်...
ဒါပေမဲ့ သခင်လေးအပေါ် သခင်မလေး ဒီလောက်ချစ်တာ ဘာလို့ မမြင်နိုင်တာလဲ ဘေးလူဖြစ်တဲ့စုစုတို့တောင် မြင်နေရတယ်....ပြီးတော့ သခင်လေးလည်း ချစ်နေ...."

"သူမ ဘယ်မှာလဲ"

"အပေါ်ထပ်ကိုတက်သွားပြီ သခင်လေး"

တကယ်ချစ်နေရက်နဲ့.... စုစုအရမ်းစိတ်ညစ်မိသည်။
ဘယ်တော့မှ သခင်လေးကဝန်ခံမှာလဲ....

အင်းပေါ့လေ သခင်လေးရဲ့အသိုင်းအဝိုင်းက သခင်မလေးတို့နဲ့အရမ်းကွာတယ်လေ။ ဒါကြောင့် သခင်လေး ရှေ့ဆက်တိုးလို့ မရနိုင်တာပေါ့။

စုစုလည်း သခင်လေးလို မာနထားဖူးတယ်။
ဒါကြောင့်စုစု ချစ်ရတဲ့သူနဲ့ဝေးကွာခဲ့ရတယ်။
ဒါပေမဲ့ သခင်လေးတို့ကလက်ထပ်ပြီးပြီ။ သခင်လေးစိတ်ကြိုက်နေလို့ရပြီး သခင်မလေးကိုလည်းလွတ်လွတ်လပ်လပ်ချစ်လို့ရပြီလေ....မဟုတ်မှ သခင်လေးမှာရည်းစားရှိလို့လား???

"ကျွီ...."

အခန်းတံခါးဖွင့်သံသာကြားနေရပြီး အရမ်းကိုတိတ်ဆိတ်လွန်းသည်။ ခါတိုင်း စနေ၊တနင်္ဂနွေ သူပြန်လာရင် ကားပေါ်တီအောက်နေစောင့်ကြို ပြီး အပေါ်ထပ်တက်တဲ့အထိ စကားများတတ်တဲ့သခင်မလေးက..သူ့ထက်အရင်စောပြီးမအိပ်တတ်တဲ့သခင်မလေးက...ဒီနေ့ကျမှ...သူမရဲ့ပျော်ရွှင်ရမဲ့နေ့ကျမှ...အရင်အိပ်ရာထဲဝင်တယ်ဆိုတော့ သခင်မလေးအရမ်းဝမ်းနည်းနေမယ်ဆိုတာ သူသိလိုက်သည်။

သူ သခင်မလေးရဲ့ကုတင်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ပြီးတော့ အရမ်းငိုလို့ ဖူးယောင်နေတဲ့မျက်ခွံမို့မို့လေးတွေ....ဒါတွေက သူ့ကြောင့်....

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Where stories live. Discover now