6▪︎𝐈𝐥𝐥𝐞𝐠𝐚𝐥 𝐃𝐚𝐭𝐢𝐧𝐠

Start from the beginning
                                    

" နာအွန်း! ငါမင်းကိုတောင်းဆိုနေတာမဟုတ်ဘူး မင်းလိုက်ကိုလိုက်ရမှာ... အချိန်တွေပိုကြာအောင်မလုပ်ချင်စမ်းပါနဲ့ဘေဘီလေးရယ် အိုကေ... "

" ရှင်တော်တော်စိတ်ပျက်ဖို့ကောင်းလာတယ် ဂျောန်ဂျောင်းဂု "

" အာ...ချီးမွမ်းပေးတဲ့အတွက်ကျေးဇူးပါ ဒါဆိုကိုယ်တို့သွားကြတော့မလား "

'စိတ်ညစ်လိုက်တာ ဘယ်တွေခေါ်သွားအုံးမလဲမသိဘူး အိမ်မှာသားလေးကိုဒေါ်ကြီးနဲ့ပဲထားခဲ့ရတာ...ငိုနေရင်ဒုက္ခပါပဲ'

" ဘေဘီခါးပတ်ပတ်လေ... "

ခါးပတ်ပတ်ပေးဖို့လှမ်းလိုက်တဲ့သူ့လက်တွေကချက်ချင်းပုတ်ထုတ်ခံလိုက်ရသည်။

" ရတယ်...ကိုယ်ဘာသာကိုယ်လုပ်မယ် "

" ဟက်...စွာလိုက်တာ "

ပြောလည်းပြောပါးကိုလည်းလာဆွဲသောသူ...၊သူ့ရဲ့အထိတွေ့တိုင်းကိုစိတ်ရှုပ်သည်...။သူမကိုအိမ်ထောင်ရေးဖောက်ပြန်သူတစ်ယောက်လိုခံစားလာရစေသည်။

" ဒီမှာ ရှင်ဘယ်တွေမောင်းနေတာလဲ ကျွန်မမှာအချိန်မရှိဘူးလို့ပြောထားတယ်နော် "

" ဘာတွေလောနေတာလဲဘေဘီရယ်... ဘာလဲ မင်းယောကျ်ားနဲ့ကွဲမှာကိုကြောက်နေတာလား သူနဲ့ကွဲတော့လည်းဘာဖြစ်လဲ ပိုတောင်ကောင်းသေးတယ်။ကိုယ်နဲ့ဘေဘီအမြန်ဆုံးအတူတူပြန်နေလို့ရတာပေါ့....ဟုတ်တယ်မလား "

လိုက်လာခဲ့မိတာကိုကသူမမှားတာ၊ခဏလေးပဲဆိုပြီးထွက်လာတာ...၊ဂျီမင်သာအိမ်ပြန်ရောက်လို့သူမကိုမတွေ့ရင်စိတ်ဆိုးနေတော့မှာသေချာတယ်။
.
.
.
.
.
" ရောက်ပြီဘေဘီ... "

သူကိုယ့်ကိုခေါ်လာတာအိမ်တစ်လုံးဆီ...၊
ဒီအိမ်ပုံစံကသူနဲ့ကိုယ်ဒီဇိုင်းရေးဆွဲခဲ့ဖူးတဲ့အိမ်အတိုင်းပဲ... ခမ်းနားတယ် ထည်ဝါတယ် ။ခြံလည်းကျယ်ပြီးရေကူးကန်လည်းပါတယ်။ခြံထဲဝင်လာတာနဲ့ပန်းအနံ့လေးတွေမွှေးကြိုင်နေတယ်။ နေဝင်ချိန်ဆိုဒီနေရာလေးကလွမ်းဆွေးဖွယ်အကောင်းဆုံးပဲ ။

" ဘေဘီ ကိုယ်ဒီအိမ်လေးကိုမနေ့ကလေးတင်ပဲဝယ်လိုက်တာ ဘယ်လိုလဲဟင်...ဘေဘီသဘောကျရဲ့လား...၊ဘေဘီမကြိုက်ရင်ကိုယ်နောက်တစ်အိမ်နဲ့ချိန်းလိုက်မယ်... "

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now